DVB Logo
Home
မြန်မာသတင်း
စက်လှေမှောက် ပျောက်ဆုံးအလောင်း ၃ လောင်း ပြန်တွေ့သည့်သတင်း မမှန်ဟု တာဝန်ရှိသူများပြော
DVB
·
August 19, 2017
စက်လှေမှောက် ပျောက်ဆုံးအလောင်း ၃ လောင်း ပြန်တွေ့သည့်သတင်း မမှန်ဟု တာဝန်ရှိသူများပြော
Donate to DVB

ဇလွန်မှာ စက်လှေတစီး ဧရာဝတီမြစ်ထဲမှောက်ခဲ့မှုကြောင့် ပျောက်ဆုံးနေတဲ့ အလောင်းသုံးလောင်း ပြန်တွေ့ပြီဆိုပြီး ဒေသတွင်းမှာ သတင်းတွေ ထွက်ပေါ်နေတာဟာ ကောလာဟလသာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မှာ သြဂုတ် ၁၄ ရက်နေ့က ဧရာဝတီမြစ်ထဲမှာ အိမ်စီးစက်လှေတစီး နန်းတော်ကျွန်း ကျေးရွာကနေပြီး ဇလွန်ကို ဈေးလာဝယ်ပြီး အပြန်ခရီးမှာ စက်လှေမှောက်တာ ဖြစ်တာပါ။

စက်လှေကတော့ အလျား ၁၂ တောင်၊ အနံ ၁၈ လက်မပဲ ရှိတဲ့ အိမ်စီးစက်လှေပါ။ အဲဒီ စက်လှေပေါ်မှာ ပျောက်ဆုံးနေသူတွေ အပါဝင် ၄ ဦး လိုက်ပါလာတာပါ။ စက်လှေ တိမ်းမှောက်စဉ်တဦးကို အသက်ရှင်လျက် ပြန်ကယ်တင်နိုင်ခဲ့ပါတယ်။

နန်းတော်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးကတော့ “လှေကသေးတော့ လှိုင်းနဲ့ လှေနဲ့ မမျှပဲဖြစ်ပြီး မှောက်တာပါ။ စက်လှေမှောက်စဉ် ကိုဇော်ဝင်းကိုတော့ ဝိုင်းဝန်းကယ်တင်နိုင်ခဲ့ပါတယ်။ ကျန်တဲ့ ကိုဗိုက်ကြီး၊ ဇနီးမဝေမာလွင်နဲ့ ကိုတေတေ တို့ကတော့ မြစ်ထဲမျောပါသွားပြီး ခုထိ ပျောက်ဆုံးနေတာပါ။ ဓနုဖြူနားက ချောင်းကြီးနားမှာတွေ့တယ်ဆိုလို့ ဒီကလူတွေ လိုက်သွားကြပါတယ်။ ဒါပေမယ့် ကောလာဟလပါ၊ ဟိုရောက်တော့ မတွေ့ဘူးလို့ လိုက်ပါးသွာတဲ့လူတွေက ဆက်သွယ်လာပါတယ်။ သူတို့တွေနဲ့အတူ ငါးဖမ်းစက်လှေသမားတွေ၊ ပရဟိတသမားတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ စုပေါင်းရှာဖွေနေကြပါတယ်” လို့ ပြောပါတယ်။

ကိုဗိုက်ကြီးနဲ့ မဝေမာလွင်တို့ လင်မယားမှာ ဒုတိယတန်းအရွယ် ကလေးတဦးနဲ့ KG တန်း အရွယ် ကလေးနှစ်ဦး၊ စုစုပေါင်းသုံးဦး ကျန်ခဲ့ပါတယ်။ ကလေးတွေကို ကျေးရွာက လောလောဆယ်စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ဇလွန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝေယံထွဋ်က “ကျနော်တို့တွေ စဖြစ်တဲ့အချိန်ကနေ ခုထိ ရှာဖွေနေပါတယ်။ ခရိုင် လူကယ်ပြန်နဲ့အတူ ဒေသတွင်းက ပရဟိတသမားတွေ စုပေါင်းပြီး ပျောက်ဆုံးနေတဲ့ လူသေအလောင်း သုံးလောင်းကို ရှာဖွေနေတာပါ။ မနက်ကကြားတဲ့ သတင်းကတော့ ကောလာဟလ သတင်းသာ ဖြစ်တယ်။ ကျနော်တို့ အဲဒီကို သွားတော့ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ကြိုးစားရှာဖွေနေပါတယ်။ ပြီးတော့ ဧရာဝတီမြစ်ကြောင်း တလျောက် ကျေးရွာတွေနဲ့ အခြားသက်ဆိုင်ရာတွေကို အကြောင်းကြားထားပါတယ်။ ရေစီးက အရမ်းသန်နေတော့ တွေ့ဖို့တော့ မနည်း မျှော်လင့်ရမယ်လေ။ ခုထိ မတွေ့ရသေးပါဘူး။ ကျနော်တို့ ထူးခြားရင် ချက်ချင်းပြောမှာ၊ သတင်းတွေကတော့ ကောလာဟလပါပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

နန်းတော်ကျွန်းကျေးရွာကနေ ခုလိုပဲ ဧရာဝတီမြစ်ကို ဖြတ်ပြီး ဈေးဝယ်လာကြရတာပါ။ ဧရာဝတီမြစ်ပြင်ကို နန်းတော်ကျွန်းကနေ မိနစ် (၂၀- ၂၅) လောက် မောင်းရတယ်လို့ သိရပါတယ်။ အဲဒီဒေသက လူတွေဟာ အဓိက ယာကိုင်း စိုက်ပျိုရေးနဲ့ တံငါအလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းအလုပ် လုပ်ကိုင်ကြရတာပါ။

သတင်း-သန်းထိုက်မြင့်၊ ဓာတ်ပုံ-ကိုအောင်ကျော်မိုး (ဇလွန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013