DVB Logo
Home
မြန်မာသတင်း
သထုံမြို့တွင် ကျေးရွာစီမံကိန်းအတွက် မြစိမ်းရောင်ရန်ပုံငွေ လွှဲပြောင်းပေးအပ်
DVB
·
August 19, 2017
သထုံမြို့တွင် ကျေးရွာစီမံကိန်းအတွက် မြစိမ်းရောင်ရန်ပုံငွေ လွှဲပြောင်းပေးအပ်
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့၊ သထုံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမမှာ သြဂုတ်လ ၁၈ ရက်နေ့က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ သထုံမြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်းရရှိတဲ့ ကျေးရွာ ၄ ရွာကို စီမံကိန်းလုပ်ငန်း အကောင်ထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ရန်ပုံငွေတွေ လွဲပြောင်းပေးအပ်ခဲ့ကြပါတယ်။

သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးဝင်းက “တနိုင်တပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်အသေးစား ကုန်ထုတ်လုပ်ငန်း များအတွက် လိုအပ်တဲ့ အရင်းအနှီးအထောက်အပံ့ ဖြစ်စေပြီး မိသားစု ၀င်ငွေတိုးပွားကာ ကျေးလက်ဒေသတွေရဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်းဖြင့် အတိုးနှုန်းသက်သာတဲ့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ပေးရခြင်းဖြစ်တယ်” လို့ပြောပါတယ်။

မြစိမ်းရောင်စီမံကိန်းဖြင့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ပေးရာမှာ သက်ဆိုင်ရာ ကျေးရွာအလိုက် မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီနဲ့  မြစိမ်းရောင်ဘဏ္ဍာရေး ဆပ်ကော်မတီတွေကို စနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းဖြစ်ပြီး ချေးငွေများမှရရှိလာတဲ့ အတိုးများကို စုဆောင်းသိမ်းဆည်းကာ သုံးနှစ်ပြည့်ပါက ကျေးရွာကော်မတီရဲ့ အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အတိုးငွေတွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

“ကျနော်တို့က ဒီငွေကို မျှော်လင့်နေတာကြာပြီ။ အတိုးနှုန်းသက်သာလို့ ဒီကရတဲ့ငွေနဲ့ ကိုယ်လုပ်ချင်တဲ့ တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နိုင်တော့မယ်။ ဒါပေမယ့် ကိုယ်က ကော်မတီဝင်တဦး ဖြစ်နေတော့ ငွေကလည်းများတော့ ယူတဲ့သူတွေ အချိန်တန် ပြန်မဆပ်ကြမှာဘဲစိုးရိမ်မိတယ်” လို့ သထုံမြို့နယ် စခန်းကြီးကျေးရွာက ဦးလှဖေကပြောပါတယ်။

ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲမှာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေက သထုံမြို့နယ်အတွင်း မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်ခွင့်ရတဲ့ ၀င်းဖုန်း၊ စခန်းကြီး၊ အင်းကွဲနဲ့ ကျောက်တန်း ကျေးရွာတွေက ကျေးရွာကော်မတီဝင်တွေကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြစ် တရွာကို ငွေကျပ် သိန်း ၃၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။

သထုံခရိုင်အတွင်း မြစိမ်းရောင် စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ချိန်မှာ လက်ရှိအချိန်အထိ ကျေးရွာ စုစုပေါင်း ၄၈ ရွာ ရှိပြီ ဖြစ်ပြီး ဌာနအနေနဲ့ စီမံကိန်း ထုတ်ပေးငွေနဲ့ လုပ်ငန်းတွေကို ကျေးရွာကော်မတီတွေက စနစ်တကျစီမံခန့်ခွဲ အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာနဲ့ အထောက်အပံ့အကူအညီတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနေတယ်လို့ သထုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013