DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်တဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး
DVB
·
August 19, 2017
ကျောက်ကြီးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်တဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-ပဲနွယ်ကုန်းသွား ကားလမ်းမပေါ်မှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က ဆိုင်ကယ်မှောက်ပြီး ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲဝင်တဦး သေဆုံးသွားတယ်လို့ နတ်သံကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

ပဲနွယ်ကုန်းမြို့ကနေ ကျောက်ကြီးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်း မိုင်တိုင်အမှတ် (၁၂/၇) နဲ့ (၁၃/၀) အကြားမှာ ဆိုင်ကယ်တိမ်းမှောက်ခဲ့တာပါ။ ဆိုင်ကယ်က ကိုယ်ပေါ်မှာ ပိနေပြီး မျက်နှာမှာ ညိုမဲဒဏ်ရာတွေရရှိကာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့သွားတယ်လို့ ဆိုပါတယ်။

သေဆုံးသူမှာ ဒုတပ်ကြပ် ဇော်မင်းဦးဖြစ်ပြီး ကျောက်ကြီးမြို့မ စခန်းအပိုင် မာလာဦးရဲကင်းမှာ တာဝန်ထမ်းဆာင်နေသူ တဦးဖြစ်တယ်လို့ နတ်သံကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဆိုင်ကယ်မှောက်တာပါ၊ သူ့ကိုယ်ပေါ်မှာ ဆိုင်ကယ်ကပိနေတယ်၊ အခင်းဖြစ်နေရာမှာပဲ သေဆုံးတာပါ၊ ဒီတပ်ဖွဲ့ဝင်က ကျနော်တို့ စခန်းကပြောင်းသွားတဲ့ သူဆိုတော့ တပ်ဖွဲဝင်မှန်းသိပါတယ်၊ အခုလက်ရှိကတော့ ကျောက်ကြီးစခန်းမှာ တာဝန်ထမ်းဆောင်နေသူပါ၊ ဆိုင်ကယ်မှောက်နေတယ်ဆိုတာ သတင်းအရ သွားကြည့်ပြီးသိတာပါ” လို့ ပြောပါတယ်။

နတ်သံကွင်း နယ်မြေ ရဲတပ်ဖွဲ့စခန်းက ယာဉ်အား အသက်သေဆုံးသည်အထိ မောင်းနှင်သူ ဒုတပ်ကြပ်ဇော်မင်းဦးကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013