DVB Logo
Home
မြန်မာသတင်း
အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါကြောင့် ဆေးရုံတက်ရသူ ၇၀၀ ကျော်ရှိပြီ
DVB
·
August 19, 2017
အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါကြောင့် ဆေးရုံတက်ရသူ ၇၀၀ ကျော်ရှိပြီ
Donate to DVB

လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက်ကုသခဲ့ရသူပေါင်း ၇၀၀ ကျော်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နောက်ဆုံး စာရင်းတွေအရ တနိုင်ငံလုံးမှာ အသက်ရှူပိုးဝင်ရောဂါနဲ့ ဆေးရုံတက်သူပေါင်း ၇၄၇ ယောက်၊ H1N1 ပိုးတွေ့သူ ၂၈၂ ယောက်ရှိခဲ့တာပါ။ လက်ရှိမှာတော့ ဆေးရုံတွေမှာ တက်ရောက်ကုသနေသူ အယောက် ၅၀ ရှိပြီး အများစုက သက်သာနေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ် ၁၈ ရက် နေ့လယ် ၂ နာရီအထိ လူနာအသစ် ၂၂ ယောက်ကို ဓာတ်ခွဲစမ်းသပ်ရာမှာ ၅ ယောက်မှာ H1N1 တွေ့ရပါတယ်။ မနေ့က သေဆုံးသူ ၂ ယောက်ရှိပြီး ဇူလိုင် ၂၁ ရက်ကနေ မနေ့ကအထိ သေဆုံးသူ ၂၉ ယောက် ရှိပြီ ဖြစ်ပါတယ်။ H1N1 ပိုးတွေ့ပေမယ့် သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့်မဟုတ်ပဲ တခြားရောဂါအခံတွေနဲ့ သေဆုံးသူပေါင်းကတော့ ၁၉ ယောက်ရှိပါတယ်။

တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်အမျိုးမျိုးကြောင့် ဖြစ်ပြီး တချို့မှာ နမိုးနီးယားအပါအဝင် နောက်ဆက်တွဲ ရောဂါတွေဖြစ်နိုင်တယ်လို့ ဒေါက်တာ တင့်ဆွေက ဒီဗွီဘီရဲ့ မေးမြန်းတာကို ဖြေပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားဟာ ဗက်တီးရီးယားကြောင့် ဖြစ်တာထက် ဆိုးပြီး ပျမ်းမျှ အပြင်လူနာ ၁ ရာခိုင်နှုန်းနဲ့ အတွင်းလူနာ ၁၄ ရာခိုင်နှုန်း သေဆုံးတယ်လို့လည်း သူက ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013