DVB Logo
Home
မြန်မာသတင်း
ကိုအေးနိုင်ပြန်ပြောပြတဲ့ မတရားအသင်း ပုဒ်မ ၁၇ (၁)အမှုဖြစ်စဉ် (ရုပ်သံ)
DVB
·
August 18, 2017
ကိုအေးနိုင်ပြန်ပြောပြတဲ့ မတရားအသင်း ပုဒ်မ ၁၇ (၁)အမှုဖြစ်စဉ် (ရုပ်သံ)
Donate to DVB

“မီဒီယာမှာရေးနေတာ တချို့တိမ်းပါး လွှဲချော်တာလေးတွေရှိလို့ ကျနော်တို့က တည့်ပေးချင်လို့ အားလုံးပေါင်း ၈ ယောက်အဖမ်းခံရတယ်။ လူ ၆ ယောက်၊ ဘုန်းကြီး ၂ ပါး။ ၂၄ နာရီကျော်သွား တယ်။ ၅၀၃ ခမရ တပ်ရင်းထဲကို ရောက်သွားတယ်။ ဘုန်းကြီး ၂ ပါးကို ၂၄ နာရီလောက်အကြာမှာ ပြန်လွှတ်ပေးလိုက်တယ်။ ပြန်လွှတ်ပေးလိုက်ပြီးတော့ ကိုယ်တို့ ၆ ယောက်ကို ၁၇ (၁) နဲ့စွဲတယ်ပေါ့။ ၂၈ ရက်နေ့မှာ သီပေါရဲစခန်းကို အမှုတွဲတယ်။ အဲဒီတွဲပြီးတာနဲ့ သီပေါ အကျဉ်းထောင်ကို ပို့တယ်။ အားလုံးပေါင်း ၆ ယောက်ပေါ့။ ဒါပေမယ့် နောက်ပိုင်း ရုံးထုတ်တွေကျတော့ နောက်ထပ် ၄ ယောက်တိုးလာတယ်။ အားလုံးပေါင်းဆိုလို့ရှိရင် အဖမ်းခံရ တာ ၈ ယောက် အပါအ၀င် ၄ ယောက်က ၀ရန်းပေါ့နော်။ ၀ရန်း သူတို့ကိုလည်း ၁၇ (၁) နဲ့ပဲ တွဲထားတယ်။ ဆိုတော့ ကျနော်ပေးချင်တဲ့မက်စေ့က ဘာလဲဆိုရင် အားလုံးပေါင်း ၁၂ ယောက် အမှုတွဲလို့တောင် ပြောလို့ရတယ်။  ဒါကြောင့်မို့ ထွက်ပြေးတရားခံတွေ ဖမ်းမိခြင်းမမိခြင်းက လည်း အခုချိန်ထိက ကျနော်တို့ ဘာသံမှမကြားရသေးဘူး။ ပြောချင်တာက ဒေတာတွေ မှားမှာစိုးလို့ တကယ်ဖမ်းတာက ၈ ယောက် ၆ ယောက်ကို အခု အမှုတင်စစ်ဆေးနေတယ်။ ဘုန်းကြီး ၂ ပါးကတော့ ပြန်လွတ်သွားတယ်။ ”

ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်ကလည်း မျက်မှန်တပ်တဲ့သမား ကားပေါ်ကဆင်းလာတော့ အရပ်ဝတ်တွေနဲ့ ကျနော်တို့က စစ်သားလို့တောင်မထင်ဘူး။ မှုတ်ဆိတ်မွှေးတွေ ပေါက်တဲ့လူတွေ ရှိတယ်။ သေနတ်တွေပါတော့ ကျနော်တို့က ရပ်ပေးလိုက်တယ်။ ရပ်ပေးလိုက်တဲ့အချိန်မှ သူတို့ စစ်တယ်ဆေးတယ်။ နောက်ပိုင်းကျတော့ သိပါတယ်။ တပ်ဆိုတဲ့ဥစ္စာကို ကျနော်တို့သိသွားတယ်။ အဲတော့ပစ္စည်းတွေပစ္စယတွေကို ရှာဖွေတယ် သိမ်းဆည်းတယ်။ အဲဒီအချိန်မှာနမ့်ဆန်မြို့နယ် ရဲတပ်ဖွဲ့မှူးလာတယ်။ ကျနော်တို့ထင်တာက သူကိုအပ်လိုက်မယ်ပေါ့နော်။ နမ်ဆန်မြို့ဆိုတာ ပြည်ထဲရေးလက်အောက်မှာ မြို့ပဲလေ။ ဒါပေမယ့် ပြည်ထဲရေး အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ကို မအပ်ဘူး။ မအပ်ဘဲနဲ့ ကျနော်တို့ကိုအဲမှာ ကျနော်တို့ ဖုန်းနဲ့ဒေတာတွေ ယူတယ်။ ညလည်းကျတော့ နည်းနည်းမှောင်လောက်တော့ မိုးလည်းရွာနေတယ်မှောင်တော့ ကျနော်တို့ အဲဒီ ၅၀၃ တပ်ကို ခေါ်ပြီးတော့ အိပ်ခိုင်းတယ်။ မနက်လည်းကျတော့ စစ်တယ်။ ၂၇ ရက်နေ့ညနေလည်းကျတော့ ဘုန်းကြီးတွေကို ပြန်လွှတ်ပေးလိုက်တယ်။ ကျနော်တို့ကို ထပ်စစ်တယ်။ ၂၈ ရက်နေ့ မနက်ပိုင်း နည်းနည်း ထပ်စစ်တယ်။ စစ်ပြီးတော့ ကျနော်တို့ကို သီပေါ ရဲစခန်းတို့တရားရုံးကို ပို့တယ်။ ဒါပေမယ့် ဒီလိုမျိုး ဖမ်းဆီး စစ်ဆေးစဉ်ကလွှဲပြီးတော့ အဲဒီဘုရားကုန်းပေါ်မှာ စစ်ဆေးစဉ် မိုးရွာတဲ့အချိန်မှာ မိုးရေထဲမှာ အိပ်ရတာကလွှဲလို့ ကျန်တဲ့အချိန်တွေမှာတော့ ၅၀၃ တပ်ကို ရောက်တဲ့အချိန်မှာ ကျနော်တို့ကို လက်ဖျားနဲ့မတို့ဘူး။ တကယ့်ကို nice ဖြစ်တယ်။ ဆက်ဆံတာက။ သတင်းသမားတွေဆိုတာလည်း သူတို့သိတယ်။ ဒါကျနော်တို့ နိုင်ငံတော်ကနေပြီးတော့ ကာချုပ်ရုံးက ကိုင်တာလည်းဖြစ်ကောင်းဖြစ်မယ်။ ကျနော်တို့ကို ဒီမှာ တောက်လျှောက်ကို အရင်ခေတ်တုန်းက ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာကို ကျနော်တို့မတွေ့ရဘူး။ ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ ကောင်းတာကို ကျနော်တို့က ကောင်းတယ်လို့ ပြောရမှာပဲလေ။ အခုလည်း ကျနော်တို့ကို ရုံးထုတ်တယ်။ လုံခြုံရေးအပြည့်အ၀နဲ့ ရုံးထုတ်တယ်။ ”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013