DVB Logo
Home
မြန်မာသတင်း
နန်းသီတာဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသည့် Water Bus ရေယာဉ် (သတင်းဓာတ်ပုံ)
DVB
·
August 18, 2017
နန်းသီတာဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသည့်  Water Bus ရေယာဉ် (သတင်းဓာတ်ပုံ)
1 / 4
Donate to DVB

ရန်ကုန်မြစ်အတွင်း ပြေးဆွဲဖို့ စီစဉ်ထားတဲ့ Water Bus ခရီးစဉ်တွေမှာ အသုံးပြုမယ့် ရေယာဉ်တချို့ ဗိုလ်တစ်ထောင်မြို့နယ်ရှိ  နန်းသီတာဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတာကို မြင်တွေ့ရပါတယ်။

သြစတေးလျနိုင်ငံကနေတင်သွင်းလာတဲ့ Catamaran အမျိုးအစား Yangon Warter Bus (၂)စင်းဟာ ရန်ကုန် နန်းသီတာဆိပ်ကမ်းကို ရောက်ရှိလာပြီး လာမယ့်သီတင်းပတ်တွေ အတွင်းမှာ နောက်ထပ်သင်္ဘောတွေလည်း ရောက်ရှိလာမယ်လို့ Yangon Warter Bus ရဲ့ဖေ့စ်ဘွတ်စာမျက်မှာ ဖော်ပြထားပါတယ်။

အဲဒီသင်္ဘောတွေဟာ နန်းသီတာဆိပ်ကမ်းကို သြဂုတ်လ(၁၅)ရက်နေ့ညက ရောက်ရှိလာတာဖြစ်ပြီး နန်းသီတာဆိပ်ကမ်းမှာ ရေကြောင်းလုံခြုံရေးနဲ့အစိုးရရုံးပိုင်းဆိုင်ရာ ကိစ္စတွေဆောင်ရွက်ဖို့အတွက် ရပ်နားထားတာလို့ သိရပါတယ်။

အခုဆိုက်ကပ်ထားတဲ့ သင်္ဘော(၂)စင်းအနက် တစ်စင်းဟာ လူ(၂၀၀)လောက်အထိတင်ဆောင်နိုင်တယ်လို့ အဲဒီသင်္ဘောကို တက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

Yangon Warter Bus ပြေးဆွဲဖို့ကို တင့်တင့်မြန်မာကုမ္ပဏီကနေ တင်ဒါအောင်မြင်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့တွင်းမှာ ရန်ကုန်-ဒလဆပ်ကမ်းအနီး နန်းသီတာဆိပ်ကမ်းနဲ့ မှော်တင်ဆိပ်ကမ်းက လမ်းသစ်ဂိတ်တို့မှာ ဆိပ်ခံတံတားတွေ တည်ဆောက်ထားပါတယ်။

သတင်း-စိုးမိုးအောင်

ဓာတ်ပုံ- လွင်မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013