DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေဆက်လက်မြင့်တက်နေပြီး မြို့ ၆ မြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေ
DVB
·
August 18, 2017
ချင်းတွင်းမြစ်ရေဆက်လက်မြင့်တက်နေပြီး မြို့ ၆ မြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေ
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ သြဂုတ် ဒုပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်နေပြီး   မြစ်ကမ်းတစ်လျှောက်ရှိ မြို့ ၆ မြို့မှာ စိုးရိမ်ရေမှတ်တွေ ကျော်လွန်နေဆဲဖြစ်ပါတယ်။

မိုးဇလဌာနရဲ့ ဒီမနက်တိုင်းထွာ ချက်တွေအရ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့မှာ ၅၅ စင်တီမီတာ၊ ဟုမ္မလင်းမြို့မှာ ၁၀၇ စင်တီမီတာ၊ ဖောင်းပြင်မြို့မှာ ၆၄ စင်တီမီတာ၊ မော်လိုက်မြို့မှာ ၁၀၄ စင်တီမီတာ၊ ကလေးဝမြို့မှာ ၁၈ စင်တီမီတာနဲ့ မင်းကင်းမြို့မှာ ၁၄ စင်တီမီတာအထိ စိုးရိမ်ရေအမှတ်အထက်ကို ရောက်ရှိနေကြပါတယ်။

ကနီနဲ့ မုံရွာမြို့တွေကတော့ စိုးရိမ်ရေအမှတ်အောက်မှာသာ ရှိနေသေးပြီး နောက်၂ ရက်ခန့်မှာ  စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ချင်းတွင်းမြစ်ရေမြင့်တက်ခဲ့လို့ မြို့၈မြို့မှာ စိုးရိမ်ရေအမှတ်အသီးသီးကိုကျော်လွန်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် လယ်ယာမြေဧက ၁၆၀၀၀ ကျော်ပျက်စီးခဲ့ပါတယ်။

မြစ်ရေမြင့်တက်နေလို့ ချင်းတွင်းမြစ်ကြောင်းသွားရေယာဉ်တွေအားလုံးကိုလည်း သြဂုတ် ၁၆ ရက်ကနေ ၂၀ ရက်နေ့ထိ ၅ ရက်တာ ယာယီရပ်နားထားဖို့ တိုင်းဒေသကြီး မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လက ရေကြီးရေလျှံမှုကြောင့် လူနဲ့ တိရစ္ဆာန်တွေသေဆုံးမှုရှိခဲ့ပြီး ရေဘေးဒုက္ခရောက်ခဲ့သူတွေကို တိုင်းဒေသကြီး လူကယ်ပြန်ဦးစီးဌာနအနေနဲ့လည်း ငွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၇၀၀ ဝန်းကျင်ထောက်ပံ့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013