DVB Logo
Home
မြန်မာသတင်း
စိတ်မနှံ့မြန်မာတဦး ထိုင်းနိုင်ငံရှိ 7-Eleven ဆိုင်ကို ၀င်ရောက်ရိုက်နှက်
DVB
·
August 18, 2017
စိတ်မနှံ့မြန်မာတဦး ထိုင်းနိုင်ငံရှိ 7-Eleven ဆိုင်ကို ၀င်ရောက်ရိုက်နှက်
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ကျိန်းဆဲန် မြို့နယ်ထဲမှာ မြန်မာနိုင်ငံက စိတ်မနှံ့သူ တဦး ၀င်ရောက်လာပြီး ၂၄ နာရီဖွင့်လှစ်ရောင်းချနေတဲ့  7-Eleven ကုန်စုံဆိုင် အရောင်းဝန်ထမ်းနဲ့ အနီးက လူတချို့ကို ၀င်ရောက်ရိုက်နှက်ခဲ့တယ်လို့ တီနယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ယမန်နေ့ မနက် ၅ နာရီ ၄၅ မိနစ်က ကျိန်းဆဲန်မြို့နယ် ၀ိန်းရပ်ကွက်ရှိ   7-Elevenဆိုင်ခွဲမှာ အရောင်းဝန်ထမ်းတစ်ဦး ရိုက်နှက်ခံရကြောင်း သတင်းရရှိ သွားရောက်စစ်ဆေးရာမှာ အသက် ၁၉ နှစ်ရွယ် အရောင်းဝန်ထမ်း တဦး ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေရနေပြီး ဆိုင်ရှေ့မှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ဖျက်ဆီးထားတာတွ့ရတယ်လို့ ကျိန်းဆိုင်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆီရ၀စ်ချိုင်းယောင်းဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။

အရိုက်ခံရသူဝန်ထမ်းက သူဟာ အဲဒီမနက်က ကောင်တာရှေ့မှာ စတစ်ကာတွေခွါနေစဉ် အသက် ၂၀ နဲ့ ၃၀ ကြားရှိ လူတစ်ဦး ၀င်ရောက်လာပြီး သူ့ရှေ့က စတစ်ကာကို လုယူကာ သူ့ကိုလည်း ဆယ်လက်မရွယ်ရှိ ဆိုင်းဘုတ်ပြားနဲ့ အချက်ပေါင်းများစွာဝင်ရိုက်ခဲ့ကြောင်း၊   သူ့ပါးစပ်ကပြောတဲ့စကားတွေလည်း နားမလည်ကြောင်း၊ ထိုးနှက်ပြီးဆိုင်ရှေ့ က ဆိုင်းဘုတ်ကိုလည်း ဖျက်ဆီးကာ ပြန်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ရဲတွေက စီစီကင်မရာတွေကနေ ပြန်စစ်ကြည့်ရာမှာ သူဟာ အပြင်ရောက်တော့ တခြားသူ တစ်ဦးကိုလည်း ရန်လိုတိုက်ခိုက်နေတာတွေ့ရကြောင်း၊ အနီးနားပတ်ဝန်းကျင်က လူတွေ သူ့ကို တုတ်နဲ့ ပြန်ရိုက်မလို့ လုပ်ပေမယ့် ခန္ဓာကိုယ်ကြီးတာကြောင့် ၀င်ရိုက်လို့မရဘဲ မဲခေါင်မြစ်ကမ်း ဘက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ထိုင်းရဲတွေက မြန်မာရဲတပ်ဖွဲ့ကို လူဆိုးဖမ်းပေးဖို့ အကူအညီတောင်းခဲ့တဲ့အတွက် မကြာခင်အချိန်တွင်းမှာဘဲ မြန်မာရဲတွေက ထိုသူကို တာချီလိတ်မြို့နယ် ဘန့်ပုန်ကျေးရွာမှာ ဖမ်းဆီးရမိခဲ့ပြီးရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

မြန်မာရဲတွေရဲ့ ပြောကြားချက်အရ အဆိုပါလူဆိုးမှာ စိတ်မနှံ့သူတဦးဖြစ်ပြီး ယခင်ကလည်း အနီးနားပတ်ဝန်းကျင်ရှိလူတွေကို အကြောင်းမဲ့လိုက်လံရိုက်နှက်တာ၊ ဓားနဲ့ လိုက်ထိုးဖူးတာတွေရှိခဲ့ကြောင်း၊ ခုတခေါက်တော့ ထိုင်းနိုင်ငံဘက်သွားပြီးသောင်းကျန်းတာ ဖြစ်တယ်လို့  ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013