DVB Logo
Home
မြန်မာသတင်း
ဖခင်ဖြစ်သူ ရိုက်နှက်ထိုးကြိတ်မှုကြောင့် ၉ နှစ်သမီး သေဆုံး
DVB
·
August 18, 2017
ဖခင်ဖြစ်သူ ရိုက်နှက်ထိုးကြိတ်မှုကြောင့်  ၉ နှစ်သမီး သေဆုံး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ သံပြာကျေးရွာမှာ သြဂုတ် ၁၆ ရက် ညနေ ၃ နာရီလောက်က ၉ နှစ်အရွယ် သမီးကို ဖခင်ဖြစ်သူက ပြင်းထန်စွာ ရိုက်နှက် ထိုးကြိတ်မှုကြောင့် သေဆုံးသွားတယ်လို့ ရဲက ပြောပါတယ်။

ဖြစ်စဉ်မှာ သံပြာကျေးရွာနေ ဦးအေးငယ်က အငယ်ဆုံးသားဖြစ်သူ မောင်အေးလင်း ငိုယိုနေလို့ မအေးမြတ်သွယ် (၉) နှစ်ကို ကလေးမထိန်းရကောင်းလားလို့ဆိုကာ ဒေါသဖြစ်ပြီး မျက်နှာကို လက်သီးနဲ့ထိုး၊ လက်နဲ့ရိုက်၊ ခြေထောက်နဲ့ ကန်တာတွေ ပြုလုပ်ခဲ့လို့ အေးမြတ်သွယ်ရဲ့ မျက်လုံးနဲ့ ပါးတွေမှာ ညိုမဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အဲဒီညက အိပ်ရာဝင်ခဲ့ပြီး သြဂုတ် ၁၇ ရက် မနက် ၈ နာရီလောက်မှာ ဖခင်ဖြစ်သူက အေးမြတ်သွယ်ကို အိပ်ရာကထဖို့နှိုးရာ သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“၁၆ ရက်နေ့ ညနေ ၃ နာရီလောက်မှာ အငယ်ဆုံးကလေး ငိုလို့ အေးမြတ်သွယ်က မထိန်းကျောင်းဘူးဆိုပြီး ရိုက်နှက်ထိုးကြိတ်လိုက်တာပါ၊ ညရောက်တော့လည်း ကလေးမက အိပ်ရာဝင်သေးတယ်၊ ၁၇ ရက် မနက် ၈ နာရီလောက်မှာ ဖအေက သွားနှိုးတဲ့အချိန် အေးမြတ်သွယ်သေဆုံးနေတာ သိရတယ်၊ သူ့ခန္ဓာကိုယ်ကိုလည်း ၁၇ ရက်နေ့ ညမှာ မြိတ်ဆေးရုံကြီးကို ပို့ပြီး စစ်ဆေးနေပါတယ်” လို့ ဒုရဲအုပ် မြင့်ဂွမ်က ပြောပါတယ်။

မအေးမြတ်သွယ်ရဲ့ ခန္ဓာကိုယ်ကို မြိတ်ဆေးရုံကြီးကိုပို့ပြီး စစ်ဆေးရာ ဦးခေါင်းခွံအတွင်း သွေးခဲဒဏ်ရာနဲ့ မေးရိုးကျိုးကျေ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိဆရာဝန်တဦး

က ပြောပါတယ်။

အဘိုးတော်စပ်သူဦးစိုးတင့်က တရားလိုပြုတိုင်တန်းလို့ သဇင်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013