DVB Logo
Home
မြန်မာသတင်း
မလေးရှား၊ တရုတ်နှင့်ထိုင်း အလှကုန်ပစ္စည်း ၃ မျိုးသုံးစွဲရန်မသင့်ကြောင်း အသိပေး
DVB
·
August 18, 2017
မလေးရှား၊ တရုတ်နှင့်ထိုင်း အလှကုန်ပစ္စည်း ၃ မျိုးသုံးစွဲရန်မသင့်ကြောင်း အသိပေး
Donate to DVB

မလေးရှား၊ တရုတ်နဲ့ ထိုင်း ကုမ္ပဏီထုတ်အလှကုန်ပစ္စည်း ၃ မျိုးကို အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။

မလေးရှားကုမ္ပဏီထုတ် Itemulawak အမှတ်တံဆိပ် Day&Night Cream၊ ကုမ္ပဏီအမည်ကို ထိုင်းဘာသာနဲ့ ဖော်ပြထားတဲ့  MEYYONG အမှတ်တံဆိပ် Whiteing & face Lift နဲ့ တရုတ်ကုမ္ပဏီထုတ် ANGKOR တံဆိပ် Day Cream + Nigt Cream  တို့ကို အများပြည်သူ သုံးစွဲဖို့ မသင့်ကြောင်း ကြေညာလိုက်တာပါ။

အဆိုပါအလှကုန်ပစ္စည်း ၃ မျိုးဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်းမရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်း မာကျူရီပါဝင်နေတာ စစ်ဆေးတွေ့ရှိရတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013