DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၁၄၄ ထုတ်ပြန်မှုနှင့် သိမ်းဆည်းမြေယာကိစ္စ ဖြေရှင်းပေးရန် ပေါက်မြို့တွင် ဆန္ဒပြ
DVB
·
August 18, 2017
ပုဒ်မ ၁၄၄ ထုတ်ပြန်မှုနှင့် သိမ်းဆည်းမြေယာကိစ္စ ဖြေရှင်းပေးရန် ပေါက်မြို့တွင် ဆန္ဒပြ
Donate to DVB

မကွေးတိုင်းဒေသကြီးပေါက်မြို့မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄)  တ၀ိုက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုနဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေပြဿနာတွေ ဖြေရှင်းပေးဖို့ ဒေသခံ ၅၀၀ လောက် ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက မတရားသိမ်းဆည်းထားတဲ့ လယ်မြေတွေ ပြန်ပေးရေး၊ ကပစ ၂၄ က စက်ရုံတဝိုက် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားမှုကိစ္စ ဖြေရှင်းပေးရေး၊ စက်ရုံစွန့်ပစ်ရေတွေ ချောင်းထဲမပစ်ရေး  စတာတွေအပါဝင် အချက် ၁၀ ချက်ကို ဆိုင်းဘုတ်တွေကိုင်ဆောင် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ကပစ ၂၄ က စက်ရုံတဝိုက် ပုဒ်မ ၁၄၄ ထုတ်ပြန်တာကို ဒေသခံတွေအနေနဲ့ ပွင့်ပွင့်လင်းလင်းမသိခဲ့ရဘူးလို့ ဆန္ဒပြသူတွေကပြောပါတယ်။

ဒါ့အပြင် တောင်သူတွေအနေနဲ့ မြေတွေ သိမ်းဆည်းခံရမှုကြောင့် လုပ်ကိုင်စားသောက်ဖို့ မြေနေရာ မရှိတော့သလောက် နည်းခဲ့ရပြီး သစ်ခုတ်၊ ဝါခုတ်ခွင့်တွေပါ တားမြစ်းခံထားရတာကြောင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) က ပေါက်မြို့နယ် မျှားပိုင်းကျေးရွာအုပ်စုမှာ မြေဧက ၃၇၀၀ ကျော်ကို စက်ရုံမြေအဖြစ် သိမ်းဆည်းခံထားရတယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မြင့်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013