DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မြို့တွင် တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
DVB
·
August 18, 2017
တာချီလိတ်မြို့တွင် တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေ ကျဆင်းလာတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။

ဒီကနေ့ မနက်အထိ တာချီလိတ်မြို့ပေါ်က တာလော့၊ ဆန်ဆိုင်း၊ မကာဟိုခမ်း၊ မယ်ခေါင်၊ ပါလျှံ၊ ပုန်းထွန် ရပ်ကွက် စတဲ့ မယ်ဆိုင်ချောင်းနဲ့ ကပ်လျက် ရပ်ကွက်တွေ ရေဘေးသင့်နေပြီး စိုးရိမ်ရေမှတ် ကျော်လွန်သွားပြီလို့လည်း ဒေသခံ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

တာချီလိတ်မြို့ဟာ နှစ်စဉ် မိုးရာသီကာလရောက်တိုင်း ရေကြီးရေလျှံမှုကို ကြုံတွေ့နေရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တာချီလိတ်မြို့ပေါ်မှာ ဖြစ်လာနိုင်တဲ့ သဘာဝဘေး အန္တရာယ်တွေ ကြိုတင် ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး သဘာဝဘေးအန္တရာယ် လျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013