DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ဆရာဝန်မိသားစုအချို့ A(H1N1)တုပ်ကွေးရောဂါကူးစက်ခံရ
DVB
·
August 17, 2017
စစ်ကိုင်းတိုင်းတွင် ဆရာဝန်မိသားစုအချို့  A(H1N1)တုပ်ကွေးရောဂါကူးစက်ခံရ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေးA(H1N1) ရောဂါပိုး စစ်ဆေးတွေ့ရှိ သူတွေထဲမှာ ဆရာဝန်မိသားစုဝင်တချို့နဲ့ မုံရွာတက္ကသိုလ်က ကျောင်းသူ တဦး ပါဝင်တယ်လို့ သိရပါတယ်။

အရင်က မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသူတဦး၊ တန့်ဆည်မြို့နယ် နဘက်ကြီး တိုက်နယ် ဆေးရုံလုပ်သားတဦး၊ ဆားလင်းကြီးမြို့နယ် မြေဇွန်းရွာက သေဆုံးသူတဦး၊ ရွှေဘိုမြို့ကတဦး၊ တန့်ဆည်မြို့နယ်က တဦး၊ မုံရွာမြို့ပေါ်က တဦးတို့တွေ့ရှိခဲ့ပြီး  အခုရက်ပိုင်းအတွင်း တန့်ဆည် မြို့နယ်က တိုက်နယ်ဆရာဝန်မိသားစု ၄ ဦး၊ မုံရွေးကြေးမုံက ဆရာဝန်မိသားစုဝင် ၂ ဦး၊ မုံရွာ တက္ကသိုလ်ကျောင်းသူတဦးမှာ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတာပါ။

စစ်ကိုင်းတိုင်းမှာ ရောဂါဖြစ်ပွားသူ အရေအတွက် တပတ်အတွင်း ၂ ဆ တိုးလာတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

ရောဂါပိုးတွေ့ရှိသူတွေကိုလည်း မုံရွာပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုပေးနေတာကြောင့် သက်သာနေပြီလို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိရသူတွေမှာ အသက်အငယ်ဆုံး ၂ နှစ် အရွယ်ကနေ အကြီးဆုံး ၇၀ နှစ်အရွယ်ထိပါဝင်ပြီး သေဆုံးသူ ၂ ဦးကတော့ ၆၇ နှစ် အရွယ်တွေ ဖြစ်ပါတယ်။

လက်ရှိမှာ လူနာနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၀၀ ဦးကိုလည်း ကာကွယ်ဆေးထိုးပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။

ရောဂါပိုးပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ အသွားအလာ အနေအထိုင် အထူးဂရုစိုက်ကြဖို့လိုပြီး ကိုယ်ခံအား ကောင်းမွန် အောင် နေထိုင်ကြဖို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကိုယ်တိုင် အသိပညာပေး ဟောပြောပွဲတွေပြုလုပ်နေပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မနေ့က နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးအတိုင်းအတာအရ  A(H1N1) တုပ်ကွေးရောဂါ  အတည်ပြုလူနာပေါင်း ၂၇၂ ဦး သေဆုံးသူ ၂၆ ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်ဒေသကြီးမှာ ရောဂါဖြစ်ပွားသူ ၁၀ ဦးနဲ့ သေဆုံးသူ ၁ဦးပါဝင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013