DVB Logo
Home
မြန်မာသတင်း
နယ်​​မြေပိုင်းခြားသတ်မှတ်ရေးအတွက်ဘားအံမြို့တွင် တွေ့ဆုံဆွေးနွေး
DVB
·
August 17, 2017
နယ်​​မြေပိုင်းခြားသတ်မှတ်ရေးအတွက်ဘားအံမြို့တွင် တွေ့ဆုံဆွေးနွေး
1 / 4
Donate to DVB

 

နယ်မြေပိုင်းခြားသတ်မှတ်မှုနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီနဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘားအံမြို့ သီရိဘားအံဟိုတယ်မှာ  မနေ့က စတင်တွေ့ဆုံ ဆွေးနွေးနေပါတယ်။

အန်စီအေစာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး၊ နယ်မြေပိုင်းခြား သတ်မှတ်ခြင်း ဆိုင်ရာ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေနဲ့ ဒေသတွင်း အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့တွေ နယ်မြေအလိုက် သူပိုင်ကိုယ့်ပိုင်ဆိုတာမျိုးမဟုတ်ဘဲ ထိတွေ့မှုရှောင်ရှားနိုင်ဖို့အတွက် အလေးထား ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒါ့အပြင်  အန်စီအေ စာချုပ်ပါ အပစ်ရပ်နယ်မြေတပ်နေရာ ပြန်လည်ချထားရေး အစိတ်အပိုင်းတခုဖြစ်တဲ့ နယ်မြေပိုင်းခြားသတ်မှတ်ခြင်း အခြေခံစဉ်းစားချက်တွေကို ရရှိနိုင်ဖိုအတွက် အဓိကရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်က “နယ်မြေငြိမ်းချမ်းရေးအတွက် ဒီလိုမျိုး စဉ်းစားတဲ့အချိန်မှာ ကျနော်ပြောကြားလိုတာကတော့ နံပါတ် ၁ အနေနဲ့ နယ်မြေပိုင်းခြားမှုဟာဆိုလို့ရှိရင် သူနယ်မြေ ကိုယ့်နယ်မြေ ဆိုပြီးတော့ သူပိုင် ကိုယ်ပိုင်ဆိုတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ထိတွေမှု ရှောင်ရှားနိုင်ဖို့ အတွက်ဘဲ လုပ်ဆောင်မယ်ဆိုတာမျိုး ရင်မှာပိုက်ထားဖို့လိုအပ်ပါတယ်။ ကိုယ်လှုပ်ရှားတဲ့နယ်မြေ သူလှုပ်ရှားတဲ့နယ်မြေ ဆိုတဲ့စိတ်နဲ့ လုပ်မယ်ဆိုရင် နယ်မြေပိုင်းခြားမှုဟာ တော်တော်လေးကိုငြင်းခုန်ရမှာ ဖြစ်တယ်။ ဒါကို ရှောင်ရှားနိုင်အောင် အလုပ်လုပ်ကြတဲ့နေရာမှာ တခြားနိုင်ငံတွေမှာ ဘယ်လိုတွေ လုပ်ဆောင်ခဲ့ကြလဲ ဆိုတာ အဓိကထား ဆွေးနွေး ဖို့ဖြစ်ပါတယ်´´လို့ ပြောပါတယ်။

အဆိုပါဆွေးနွေးပွဲကို ပြည်ထောင်စုအဆင့် JMCu ကော်မတီအဖွဲ့တွေ၊ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၊ ကရင်အမျိုးသားလွတ်မြောက်ရေး ငြိမ်ချမ်းရေးကောင်စီ (KNU/KNLA-Pc)၊ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)၊ ကျောင်းသား တပ်မတော် (ABSDF)အဖွဲ့က တာဝန်ရှိသူတွေ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားရောက် လေ့လာခဲ့သူတွေ တက်ရောက် ဆွေးနွေးကြပါတယ်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

သတင်း - ရဲမင်းခေါင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013