DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ နောက်ဆုံးခရီးဈာပနမြင်ကွင်း (ဓာတ်ပုံ)
DVB
·
August 17, 2017
အန်အယ်လ်ဒီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ နောက်ဆုံးခရီးဈာပနမြင်ကွင်း (ဓာတ်ပုံ)
1 / 16
Donate to DVB

 

အသက် ၁၀၁ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေရဲ့ ဈာပနကို ဒီကနေ့မနက် ရေဝေးသုသာန်မှာ ကျင်းပ မီးသင်္ဂြိုဟ်လိုက်ပါတယ်။

ဈာပနအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အပါအ၀င် အန်အယ်လ်ဒီ ပါတီဝင်တွေ အပြင် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွလည်း တက်ရောက်ခဲ့ကြပါတယ်။

ဦးအောင်ရွှေဟာ သြဂုတ် ၁၃ ရက်ညက ရန်ကုန်မြို့ ၀ိတိုရိယဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

လွတ်လပ်ရေးမော်ကွန်းဝင် ဦးအောင်ရွှေဟာ တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်ထိ ထမ်းဆောင်ခဲ့သလို  အငြိမ်းစား သံအမတ်ကြီးလည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ နေအိမ်အကျယ်ချုပ် ကျခံနေရချိန်မှာ  အန်အယ်လ်ဒီ ပါတီကို ဦးဆောင်ပေးခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013