DVB Logo
Home
Lead Story
ပိုးစုန်းကြူးလေးဖြစ်ပစေ ကိုယ်ပိုင်အလင်းရောင်နဲ့သာ ရှင်သန်ချင်သူ (ရုပ်သံ)
DVB
·
August 17, 2017
ပိုးစုန်းကြူးလေးဖြစ်ပစေ ကိုယ်ပိုင်အလင်းရောင်နဲ့သာ ရှင်သန်ချင်သူ (ရုပ်သံ)
Donate to DVB



အသက် ၃၂ နှစ်အရွယ် ပန်းချီဆရာမလေး မရွှေသီရိခေတ်။ သူဟာ ပန်းချီတွေဆွဲရင်း၊ ကလေးထိန်းရင်း၊ အမျိုးသားရဲ့ ကုမ္ပဏီလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးနေရင်းက သူပိုင်လုပ်ငန်းတခုကို တည်ထောင်လိုက်ပါတယ်။

"မြန်မာပြည်မှာ မြန်မာပြည်ဖြစ်ပစ္စည်းဆိုတာ အရမ်းနည်းတာပဲ။ ကိုယ်က creativity သမားဆိုတော့ ဒီဟာလေးကို ဒီလိုလေးလုပ်လိုက်ရင် ပိုကောင်းမှာပဲ၊ ဒါဆို ပိုအသုံးကျမယ်၊ ဒါဆိုလို့ရှိရင် ဈေးကောင်းလေးပိုရမှာပဲ။ အဲတော့ value added ဖြစ်သွားတယ်ဆိုတော့ တကယ့်ဈေးကွက်ထဲ ရောက်သွားလို့ရှိရင် ဈေးပိုရနိုင်တယ်။ အဓိကကတော့ ကိုယ့်ရဲ့ မြန်မာပြည် ပြည်တွင်းပစ္စည်းတွေကို ပြည်ပအထိ ထိုးဖောက်နိုင်ရမယ်။ brand တခု ထောင်ချင်တဲ့စိတ်ပေါ့နော်။ အဲကနေစခဲ့တာ၊ အဲတော့ textile ကိုကျတော့ ရွေးမိသွားတာပေါ့နော်။"

ဒါပေမယ့်လည်း ဒီလုပ်ငန်း စတင်အကောင်အထည်ဖော်စဉ်က သူ့သမီးလေးဟာ လသားအရွယ်သာ ရှိသေးသလို သူ့အမျိုးသားရဲ့ ကုမ္ပဏီလုပ်ငန်းမှာလည်း သူဟာ အဓိက ကူညီပံ့ပိုးပေးနေရသူတယောက်ပါ။ ဒါပေမယ့်လည်း သေးငယ်တဲ့ ပိုးစုန်းကြူးလေးဖြစ်ပစေ ကိုယ်ပိုင်အလင်းရောင်နဲ့သာ ရှင်သန်ချင်တယ်ဆိုတဲ့ သူ့ရဲ့ခံယူချက်ကြောင့် မလူးသာ မလွန့်သာတဲ့ တာဝန်တွေကြားကပဲ သူ ရုန်းထွက်လိုက်ပါတယ်။

"ကိုယ်ဝန်ဆောင်တယ်။ ကလေးမွေးတယ်။ ကလေးမွေးပြီးတော့ ၂ လလောက်အချိန်မှာ စဉ်းစားတယ်၊ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသလို ခံစားရတယ်။ နောက်တခုကကျတော့ ငါ ကလေးရှိသွားပြီပေါ့နော်။ ငါ့အမေက ဒါဆိုပြီးတော့ပေါ့ မြင်စေချင်တဲ့ ပုံရိပ်တခု ဖြစ်စေချင်တယ်။ နောက် မီးဖွားပြီးတဲ့အချိန်မှာ လုံးဝ ယောက်ျားကို depend လုပ်လိုက်ရတာလေ။ ဘာမှ လှုပ်ရှားမှုလည်း သိပ်မရှိတော့ဘူး။   အပြင်လည်း သိပ်မထွက်ရတော့ဘူးဆိုတော့ နည်းနည်း depression ဝင်တယ်။ နောက်ပြီး ကိုယ်လုပ်ချင်တာ မလုပ်ရတော့ဘူးလားမသိဘူး။ ငါ ဒီလိုပဲ နေသွားရတော့မှာလား မသိဘူးဆိုတဲ့ စိတ်ကြီးက ဖြစ်နေတာ။ အဲဒါကို ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် တွန်းလှန်တာပေါ့နော်။ နောက် အမျိုးသားကို ပြောကြည့်တယ်။ လုပ်ချင်တယ်ပေါ့။ ဘယ်လိုလေး ပုံဖော်ချင်တဲ့အကြောင်း သူနားလည်အောင် ရှင်းပြတယ်။ သူက စိတ်လျှော့ပြီးတော့ လက်ခံလိုက်တယ်။"

တကယ်တော့ သူဟာ ကုန်ခဲ့တဲ့ သူ့ဘဝသက်တမ်းတလျှောက် သူ့အမျိုးသားကုမ္ပဏီနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းကလွဲလို့ ပန်းချီအနုပညာတွေနဲ့သာ တကိုယ်တော် စီးမျောခဲ့သူပါ။ ဒါ့ကြောင့်လည်း သူ့လုပ်ငန်းအစမှာ လုပ်ငန်းအခက်အခဲတွေ ကြုံတွေ့ခဲ့ရသလို အမျိုးသားလုပ်ငန်းနဲ့အတူ ငယ်သေးတဲ့ သမီးလေးကြောင့်လည်း သူ အချိန်နဲ့အမျှ လှုပ်ရှား ရုန်းကန်ခဲ့ရပါတယ်။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

အေးမိစံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013