DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာအမျိုးသမီးအလောင်း တွေ့ရှိ
DVB
·
August 17, 2017
ဘန်ကောက်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာအမျိုးသမီးအလောင်း တွေ့ရှိ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ပရဝေ့နယ်မြေထဲမှာ မနေ့ည ၁၁ နာရီလောက်က  ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့  မြန်မာအမျိုးသမီးအလောင်း တွေ့ရတယ်လို့ ဘန်ကောက်ဘစ်စနစ်နယူးစ်သတင်း မှာ ဖော်ပြပါတယ်။

ပရဝေ့နယ်မြေ အွန်နွတ်လမ်း ကထုန့်ဆေပါကျောင်းတိုက်အနီး ရေတွင်းတခုထဲမှာ အလောင်းတလောင်းတွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ တာဝန်ရှိသူတွေနဲ့အတူ သွားရောက် စစ်ဆေးရာမှာ ရေပိုက်လုံးတွေကြား အခံလုပ်ထားတဲ့ ရေတွင်းတခုထဲမှာ လိမ္မော်ရောင်ပွင့် ရှပ်အင်္ကျီနဲ့ အစိမ်းရောင်ဘောင်းဘီတို ၀တ်ဆင်ထားတဲ့ အသက် ၂၅ နှစ်အရွယ် မိန်းကလေး အလောင်းကို တွေ့ရှိကြောင်း၊ သေဆုံးသူမှာ ညာဘက်နံရိုးမှာ ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းရာ ၂ ခု၊ ရင်ညွန့်အောက်မှာ ၁ ခု၊ ရင်ဘတ်အပေါ်ဘက်မှာ ၁ ခုနဲ့ လည်ပင်းမှာ ပြတ်ရှဒဏ်ရာတွေ ရှိပြီး လွန်ခဲ့တဲ့တရက်က သေဆုံးခဲ့ဟန်ရှိတယ်လို့ ပရဝေ့နယ်မြေရဲစခန်း တာဝန်ကျရဲမှူး ဥထင်းဖ ရတ်ဖိန့်က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ ထွန်းအမည်ရှိ မြန်မာမိန်းကလေးတဦးဖြစ်ကြောင်း၊ ဒါပေမယ့် သူမဟာ ယောက်ျားစိတ်ပေါက်နေပြီး  စိတ်မမှန်သလို ဖြစ်နေကြောင်း၊ မနှစ်က သူ့ရည်းစား မိန်းကလေးနဲ့ ပြတ်သွားပြီးတဲ့နောက် အရက်သောက်တတ်ကာ အွန်နွတ်လမ်း - ၅၈ လမ်းသွယ်နေ မိခင်ဖြစ်သူနဲ့လည်း ရန်ဖြစ်လို့ အိမ်ကဆင်းသွားတာ ၁ လရှိပြီလို့ ညီမဖြစ်သူ ပိုက် (၂၀ နှစ်) က ရဲတပ်ဖွဲ့ကို ပြောပါတယ်။

သေဆုံးသူရဲ့ အိမ်နီးနားချင်းဖြစ်သူ နူနား (မြန်မာမိန်းကလေး) ကလည်း ထွန်းဟာ စိတ်မူမမှန်ကြောင်း၊ သူ့ကို တစုံတယောက်က သတ်လိမ့်မယ်လို့ အမြဲပြောဆို ကြောက်ရွံ့နေတာကြောင့် ဘယ်သူကမှ အလုပ်မခန့်ရဲဘဲ အလုပ်လက်မဲ့ဖြစ်နေကြောင်း၊ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့ ကတော့ အသားညိုညို အရပ်အမောင်း ၁၇၀ မီတာလောက်ရှိ မြန်မာလူငယ်တဦးနဲ့ တွဲနေတာကို နောက်ဆုံးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူနဲ့ နောက်ဆုံးတွေ့ရှိခဲ့သူကို ရဲက ဆက်လက်စုံစမ်းရာမှာ အမည်မှာ ကိုတင် ဆိုသူဖြစ်ပြီး  ရှောင်တိမ်းနေတယ်လို့ ရဲမှူးက ပြောပါတယ်။

အဆိုပါ မြန်မာအမျိုးသမီး သေဆုံးရတာနဲ့ ပတ်သက်လို့ ဘာကြောင့် အသတ်ခံရသလဲ။ တရားခံ တဦးထက်ပိုရှိမလား၊ မုဒိမ်းကျင့်ခံရတာတွေရှိသလား ဆိုတာတွေကို လာလောဆယ်ဘာမှ ထင်မြင်သုံးသပ်ချက်မပေးနိုင်သေးကြောင်း၊ သေဆုံးသူမှာ မြန်မာဆိုပေမယ့်လည်း ဒီအမှုကို ပေါ့ပေါ့တန်တန်လုပ်မှာမဟုတ်ဘဲ တရားခံကို အမြန်ဆုံး ဖမ်းဆီးနိုင်ရေး ကြိုးစားသွားမယ် လို့ ရဲမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013