DVB Logo
Home
မြန်မာသတင်း
မြန်အောင်တွင် သားသတ်ရုံတခုအား သက်ဆိုင်ရာတာဝန်ရှိသူများမပါဘဲ ၀င်စစ်ဆေး
DVB
·
August 17, 2017
မြန်အောင်တွင် သားသတ်ရုံတခုအား သက်ဆိုင်ရာတာဝန်ရှိသူများမပါဘဲ ၀င်စစ်ဆေး
Donate to DVB

မြန်အောင်မြို့နယ်၊ အင်ပင် ကျေးရွာအုပ်စုတွင်းက စည်ပင်ပိုင် အမဲသားသတ်လိုင်စင် အမဲရုံကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ မပါဘဲနဲ့ သြဂုတ်၁၆ ရက်နေ့ ည ၁၂ နာရီလောက်မှာ သံဃာတော် နှစ်ပါးနဲ့ လူပုဂ္ဂိုလ် ၁၀ ဦးလောက်က ဝင်ရောက်စစ်ဆေးခဲ့မှု ဖြစ်ပွားပါတယ်။

သားသတ်ရုံ အလုပ်သမားတဦးဖြစ်တဲ့ ကိုအောင်မိုးက “ကျနော်တို့ နွားသတ်နေတုန်း အမည်မသိတဲ့လူတွေ ခြံစည်းရိုး တံခါးတွေ ရိုက်ချိုးဝင်ရောက်ပြီး ဓာတ်ပုံရိုက်တာတွေလုပ်ပြီး စစ်ဆေးတာပါ။ သူတို့တွေကတော့ တာဝန်ရှိသူတွေ မဟုတ်ဘူးလို့ သိရတယ်။ အချိန်အနည်းငယ်ကြမှာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့တို့ ရောက်လာတာပါ။ ကျနော်တို့အနေနဲ့တော့ ကျူးလွန်တာကို ဥပဒေအတိုင်းပဲ အရေးယူပေးစေ လိုတာပါပဲ၊ အတင်းဝင်ရောက်ပြီး သူတို့ လုပ်ကိုင်တာကိုတော့ ကျနော်တို့ဘက်က အရေးမယူပါဘူး၊ ဒါပေမယ့် ခုလိုတော့ မဖြစ်သင့်ဘူး၊ တကယ်စစ်မယ်ဆို စည်ပင်၊ ထွေအုပ်၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့တော့ ဝင်ရောက်စေချင်တယ်လို့” ပြောပါတယ်။

အင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းထိန်းက “ဟုတ်ပါတယ်၊ သူတို့တွေ ဝင်ရောက်ပြီးမှ ကျနော်တို့အုပ်ချုပ်ရေးပိုင်နဲ့ ရဲတပ်ဖွဲ့ကို ခေါ်တာပါ။ ကျနော်တို့ ရောက်သွားတော့ အထဲမှာ ဝင်ရောက်ရှာဖွေသူတွေနဲ့ အဲဒီသားသတ်ရုံက လူတွေအပါ သတ်ဖြတ်ထားတဲ့ နွား ၅ ကောင်နဲ့ အသားဖြစ်ပြီးသား တွေ့တာပါ၊ တာဝန်ရှိသူတော့ မပါပါဘူး။ ကျနော်တို့က မြို့နယ်စည်ပင်ကို အကြောင်းကြားပြီး ဥပဒေအတိုင်းပဲ အရေးယူပေးဖို့ ဆက်သွယ်လုပ်ကိုင်နေပါတယ်” လို့ ပြောပါတယ်။

အခုလို သံဃာန ၂ ပါးနဲ့ လူအချို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေမပါဘဲ ၀င်ရောက်စစ်ဆေးတာဟာ ဥပဒေအရ တရားမ၀င်ဘူးလို့ အင်ပင်နယ်မြေ ရဲတပ်ဖွဲ့စခန်းက ဒုရဲအုပ် ဝင်လွင်မိုးက  ပြောပါတယ်။

“ကျနော်တို့အနေနဲ့က တဖက်က တရားစွဲပေးဖို့ မပြောသလို တိုင်လည်းမတိုင်ဘူးလေ၊ ဟိုသားသတ်ဘက်ကလည်း သံဃာတော်တွေ ပါနေတော့ သူတို့အနေနဲ့ အရေးမယူချင်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ကတော့ ဒါမျိုး တာဝန်ရှိသူမပါဘဲ လုပ်တာကို ဥပဒေနဲ့ မညီဘူးလို့ ပြောချင်တယ်။ အဓိကတော့ ကျနော်တို့အနေနဲ့လည်း မလိုလားအပ်တဲ့ ပြသနာတွေ မတက်စေချင်ဘူးလေ၊ ဒီမှာက ဘာသာရေး ပြဿနာတွေ ခဏခဏ ဖြစ်နေတော့ ဒီလိုပဲ ဝိုင်းထိန်းပေးချင်တယ်” လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးက “ကျနော်တို့ အနေနဲ့ ဒါတွေကို စည်ပင်ဥပဒေအတိုင်း ဆက်လက်အရေးယူမယ်၊ ခုနေ နေ့လယ်မှာ စည်ပင်ကော်မတီ အစည်းအဝေးခေါ်မယ်၊ သတ်မှတ်ထားတာ ကျော်လွန်တာတွေကိုတော့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူမယ်။ ခု သတ်ဖြတ်ပြီးသား အသားတွေနဲ့ နွားကောင်ရေတွေကိုတော့ ဖျက်ဆီးမြေမြှုပ်မယ်၊ ကျနော်တို့က အရာအားလုံး ဥပဒေနဲ့အညီပဲ လုပ်မှာပါ။ နွားကောင်ရေ ၅ ကောင်နဲ့ အလေးချိန် ၁၅၀ ကျော်လောက်ပါ။ ဒါတွေအားလုံး ဖျက်ဆီး ပစ်မှာပါ” လို့  ပြောပါတယ်။

မြန်အောင်မြို့နယ်တွင်း စည်ပင် ခွင့်ပြုထားတဲ့ လိုင်စင် သားသတ်ရုံ ၁၀ ခု ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013