DVB Logo
Home
မြန်မာသတင်း
အနာဂတ်သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ တခေတ်ဆန်းလာမည့် ယာဉ်ငယ်တီထွင် (ရုပ်သံ)
DVB
·
August 17, 2017
အနာဂတ်သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ တခေတ်ဆန်းလာမည့် ယာဉ်ငယ်တီထွင် (ရုပ်သံ)
Donate to DVB

လေဟာနယ် အလုံပိတ်ပြွန်ချောင်းရှည်ကြီးထဲက ပြေးလမ်းတစ်ခုပေါ်မှာတော့ အနာဂတ် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ တခေတ်ဆန်းလာမယ့် ယာဉ်ငယ်လေးက တနာရီ မိုင် ၇၀ နှုန်းနဲ့ တရှိန်ထိုး ပြေးလွှားနေပါတယ်။ Hyperloop One ကုမ္ပဏီရဲ့ လက်ရာတခုဖြစ်ပြီး ဘီလျံနာ Elon Musk ရဲ့ စိတ်ကူးသစ်တခုကို အကောင်အထည်ဖော်နေတာပါ။ သူ့အတွေးက အခုလိုမျိုး လူနဲ့ကုန်ပစ္စည်းတွေ တင်ဆောင်နိုင်မယ့် လွန်းပြန်တွဲတောင့်တွေ ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။

“သမိုင်းကဏ္ဍသစ်တခုပါ။ ဒါက လူနဲ့ကုန်ပစ္စည်းတွေကို သမိုင်းမှာ မရှိခဲ့ဖူးတဲ့ အမြန်နှုန်းနဲ့ သယ်ပို့နိုင်မှာဖြစ်ပြီး တကမ္ဘာလုံးက လုပ်ငန်းတွေကို အခြေခံကျကျ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ အရင်ထက်ပိုမို လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်တဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍသစ်တခုပါ။ ကမ္ဘာကြီးကို ရွာတရွာအဖြစ် လက်တွေ့ကျကျ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်" လို့ Hyperloop One ကုမ္ပဏီပူးတွဲ တည်ထောင်သူ ShervinPishevar က ဆိုပါတယ်။

တည်ဆောက်ရေးအတွက် ခွင့်ပြုမိန့်ရရှိဖို့နဲ့ ဂျက်လေယဉ် အမြန်နှုန်းမှာ ဘယ်လို အချိုးအကွေ့ ပြုလုပ်နိုင်မလဲစတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးလို့ ဒီပရောဂျက်အပေါ် အယုံအကြည် မရှိသူတွေက ယူဆကြပါတယ်။ ဒါပေမယ့် မတည်ငွေ ဒေါ်လာ သန်း ၁၆၀ သုံးစွဲဖို့ ကုမ္ပဏီက ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်တွေမှာ Nevada ကန္တာရအတွင်း စမ်းသပ်မှုတွေ ဆက်လက်ပြုလုပ်ဖို့ စီစဉ်ထားပြီး တနာရီအမြန်နှုန်း မိုင် ၂၅၀ ထိရောက်ဖို့ မျှော်လင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013