DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ၀န်ကြီးချုပ် မိုဒီ မြန်မာပြည်လာမည်
DVB
·
August 17, 2017
အိန္ဒိယ၀န်ကြီးချုပ် မိုဒီ မြန်မာပြည်လာမည်
Donate to DVB

 

အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒြာမိုဒီဟာ လာမည့် စက်တင်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို နှစ်နိုင်ငံ ချစ်ကြည်ရေးခရီး လာရောက်ဖို့ ရှိနေတယ်လို့   Indian Express သတင်းမှာဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဘရာဇီး၊ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက (BRICS) ထိပ်သီးအစည်းအဝေးအပြီးမှာ  မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ အိန္ဒိယနိုင်ငံအကြား တနိုင်ငံရဲ့နယ်မြေကို ခြေကုပ်ယူပြီး တနိုင်ငံကို တိုက်ခိုက်မယ့်သူပုန်တွေကို လက်မခံဖို့အတွက် သဘောတူညီချက်အသစ်တွေရဖို့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးဖွယ်ရှိတယ်လို့  အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း သတင်းမှာရေး ပါတယ်။

အိန္ဒိယသမ္မတ မိုဒီဟာ လွန်ခဲ့တဲ့ ၂၀၁၄ နိုဝင်ဘာလက  နေပြည်တော်မှာ ကျင်းပတဲ့  အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေးပွဲတွေကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။

မြန်မာသမ္မတ ဦးထင်ကျော်ကတော့  အိန္ဒိယနိုင်ငံကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၂၀၁၆ အောက်တိုဘာလမှာ အိန္ဒိယနိုင်ငံကိုသွားရောက်ပြီး  BIMSTEC ထိပ်သီးအစည်းဝေး တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ- Indian Express

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013