DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်အနီးတည်ဆောက်မည့် ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်
DVB
·
August 16, 2017
လွိုင်ကော်အနီးတည်ဆောက်မည့် ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့နားမှာ တန် ၄၀၀၀ ကျ ဘိလပ်မြေစက်ရုံ တည်ဆောက်မယ့် အစီအစဉ်ကို  ပြည်နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့တွေနဲ့ နိုင်ငံရေး အင်အားစုတွေက ကန့်ကွက်လိုက်ပါတယ်။

လွိုင်ကော်မြို့နယ်၊ ပကြဲဒေသမှာ ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ လုပ်ကိုင်ခွင့်ရတဲ့ ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်က ၂၀၁၁ ခုနှစ်က ခွင့်ပြုခဲ့တာဖြစ်ပေမယ့် ဒေသခံနဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်တာကြောင့် အရင် အစိုးရလက်ထက်က ဆိုင်းငံ့ခဲ့တာပါ။

စီမံကိန်း မြေဧက ၁၀၀ လောက်နဲ့ ထုံးကျောက်ထုတ်ဖို့ မြေဧက ၃၀၀ လောက်အတွက် တောင်ယာမြေလျော်ကြေးနဲ့ ရွှေ့ပြောင်းစရိတ်တွေကို ၂၀၁၃ ခုနှစ် ကတည်းက ပေးလျော်ခဲ့ တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ကန့်ကွက်တဲ့ အဖွဲ့တွေထဲမှာပါဝင်တဲ့ လွိုင်ကော်အခြေစိုက် နည်းပညာ အထောက်အကူပြုအဖွဲ့ (LAIN) က ဦးကျော်ထင်အောင်က “ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ EIA (သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်ခြင်းလုပ်ငန်းများ) SIA (လူမှုအသိုက်အဝန်းထိခိုက်မှု အကဲဖြတ်ခြင်းလုပ်ငန်း) နဲ့ CSR (လူမှုရေးတာဝန်သိမှု) တွေကို ရှင်းရှင်း လင်းလင်းမပြောထားဘူး။ အခုဆိုရင် စီမံကိန်းနေရာက မြို့ဧရိယာထဲမှာ ပါလာပြီ”လို့ ဒီဗွီဘီကိုပြောပါတယ်။

ခုလိုအဖွဲ့အစည်းတွေက ကန့်ကွက်လိုက်တဲ့အတွက်  လူထုနဲ့တွေ့ဆုံပြီး သဘောထား ရယူတာပြန်လုပ်မယ်လို့ ပြည်နယ်အစိုးရဘက်က ပြောလာတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဘိလပ်မြေစက်ရုံစီမံကိန်းကို လုပ်ဆောင်တာဟာ KNPP (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ) နဲ့ အစိုးရကြားစာချုပ်တွေမှာပါတဲ့  ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေး မှုကာလအတွင်း  ရင်းနှီးမြှပ်နှံမှုကြီးတွေမလုပ်ဖို့ သဘောတူညီချက်ကို လုံးဝချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။

ဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့နယ်ရှိ ပြည်သူလူထုတွေနဲ့ အသင်းအဖွဲ့တွေအားလုံးရဲ့ သဘောထားရယူဖို့နဲ့ အထူးသဖြင့် ပြည်နယ်အစိုးရအနေနဲ့ ဘိလပ်မြေစက်ရုံ ရင်းနှီးမြှပ်နှံမှုကို ယာယီ ဆိုင်းငံ့ထားဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013