DVB Logo
Home
မြန်မာသတင်း
ခန္တီးမြို့၌ ရေဘေးရှောင်ပြည်သူ ၂၀၀၀ကျော်အထိ ရှိလာ
DVB
·
August 16, 2017
ခန္တီးမြို့၌ ရေဘေးရှောင်ပြည်သူ ၂၀၀၀ကျော်အထိ ရှိလာ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ ချင်းတွင်မြစ်ရေဟာ ဆက်လက်မြင့်တက်နေပြီး ရေဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်အထိ ရှိလာပြီလို့ မြို့မဆရာတော် ဦးကော်ဝိတက မိန့်ပါတယ်။

မြို့မဆရာတော် ဦးကော်ဝိက“အခုရေးဘေးအတွက် လာရောက်လှူဒါန်းတဲ့ပစ္စည်းတွေက လူကယ်ပြန်အဖွဲ့ရယ် ကြံ့ခိုင်ရေးပါတီရယ်၊ မီးသတ်ရယ်၊ ကြက်ခြေနီတွေတော့ လာရောက်ကူညီတာ လုပ်ပါတယ်။”လို့ မိန့်ကြားပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ် ၅ ပေခွဲထိ မြင့်တက်နေပြီး ၁၅၁၇ စင်မီတာကို ရောက်ရှိနေပါတယ်။

ခန္တီးမြို့ရှိ မြသိန်းတန်ရိပ်သာကျောင်း၊ ပေါ်မိုင်းဘုန်းကြီးကျောင်း၊ မြို့မဘုန်းကြီး ကျောင်းတွေမှာ ရေဘေးဒုက္ခသည် ၂၀၀၀ ကျော်အတွက် ရေဘေးရှောင်စခန်း ဖွင့်လှစ်ထားပြီး အဓိက သောက်သုံးရေသန့်၊ ဆန်၊ ဆီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

သတင်း - အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013