DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကို ဘာသာရေးဖိနှိပ်မှု အထူးစိုးရိမ်ဖွယ်ရာနိုင်ငံအဖြစ် အမေရိကန်သတ်မှတ်
DVB
·
August 16, 2017
မြန်မာနိုင်ငံကို ဘာသာရေးဖိနှိပ်မှု အထူးစိုးရိမ်ဖွယ်ရာနိုင်ငံအဖြစ် အမေရိကန်သတ်မှတ်
Donate to DVB

မြန်မာနိုင်ငံကို ဘာသာရေးဖိနှိပ်မှုရှိတဲ့ အထူးစိုးရိမ်ဖွယ်ရာနိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ထား တယ်လို့  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက  မနေ့က  ထုတ်ပြန်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၉ နိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေတွေကို အသေးစိတ်ဖော်ပြထားတဲ့  ၂၀၁၆ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံကတော့ CPC လို့ခေါ်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ပါဝင်ပြီး မနှစ်က ဖြစ်ပျက်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေ ဖြစ်ရပ်တွေကို ဖော်ပြထားပါတယ်။

အစိုးရဟာ မွတ်စ်လင်မ်၊ ခရစ်ယာန်နဲ့ တခြားသူတွေအပါအဝင် လူနည်းစုတွေရဲ့ ဘာသာရေး ဆောင်ရွက်ချက်တွေကို ကန့်သတ်သလို ဝတ်ပြုကိုးကွယ်ရာနေရာတွေ ဆောက်လုပ်ခွင့်ကို နှစ်ပေါင်း များစွာကြာအောင် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံပေးထားသလို ဘာသာရေးအပေါ်စော်ကားပြောဆိုမှုတွေ အသေရေဖျက်မှုတွေကို ဥပဒေအရ တားမြစ်ပိတ်ပင်ထားပေမယ့် ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ခွဲခြားနှိမ့်ချဆက်ဆံမှု၊ နှောင့်ယှက် အကြမ်းဖက်မှုတွေ ဆက်ရှိနေတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒါ့အပြင် ရခိုင်၊ ကချင်၊ ကရင်နဲ့ ပဲခူးတိုင်းတွေမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးကိုအခြေခံတဲ့ ပြဿနာတွေကိုလည်း အစီရင်ခံစာမှာ  အကျယ်တဝင့်ဖော်ပြထားတာပါ။

သာသနာရေးဝန်ကြီးဌာနရဲ့ ပြည်တွင်းပြည်ပ ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကတော့  မြန်မာပြည်မှာ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာကတော့ အဲလောက်ထိ စိုးရိမ်စရာ မရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါတဲ့အတိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါကတော့ သူတို့ရဲ့ ထင်မြင်ချက်ကိုရေးတဲ့ သဘောလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။”

မဘသအဖွဲ့နဲ့ပတ်သက်တဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုတော့ အပြုသဘောဆောင်တဲ့ တိုးတက်မှု အဖြစ် အမေရိကန်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို ၁၉၉၉ ခုနှစ်ကတည်းကစပြီး ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ စိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ထားခဲ့တာပါ။ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို လက်နက်ရောင်းချတာ ပိတ်ပင်မှုနဲ့အတူ CPC နိုင်ငံအဖြစ် ပြန်သတ်မှတ်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013