DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင်​ A(H1N1)ရောဂါဖြစ်ပွားသူ ၂ ဦးတွင် ၁ ဦး သေဆုံး
DVB
·
August 16, 2017
ကရင်ပြည်နယ်တွင်​ A(H1N1)ရောဂါဖြစ်ပွားသူ ၂ ဦးတွင် ၁ ဦး သေဆုံး
Donate to DVB

 

ကရင်ပြည်နယ်အတွင်း A(H1N1) လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ သံသယရှိသူ လူနာ ၁၂ ဦးရှိပြီး ရောဂါဖြစ်ပွားသူ ၂ ဦးအနက်မှ လူနာ ၁ ဦး ဆေးကုသမှု ခံယူနေရင်း သေဆုံးသွားတယ်လို့ ပြည်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောပါတယ်။

သြဂုတ် ၁၅ ရက် မနက် ၁၁ နာရီက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

H1N1ရောဂါ တွေ့ရှိခဲ့မှုအပေါ် သတင်းထုတ်ပြန်မှု မရှိတဲ့အတွက် ပြည်သူတွေက ဝေဖန်ခဲ့တဲ့ အပေါ် ကျနော်တို့ သတင်းထုတ်ပြန်မှု အားနည်းတာတော့ ဖြစ်ကောင်းဖြစ်မှာပေါ့လို့ ဒေါက်တာ ကျော်မြင့်(ပြည်နယ်ဆေးရုံအုပ်ကြီး)ကပြောပါတယ်။

``ကျနော်တို့ သတင်းထုတ်ပြန်မှု အားနည်းတာတော့ ဖြစ်ကောင်းဖြစ်မှာပေါ့။ ကျနော် သိသလောက်ကတော့ ကျနော်ကကုသရေးဌာန ပြည်သူကျန်းမာရေးဌာနက သတင်း ထုတ်ပြန်တာ။ ပြည်သူတွေသိအောင် သဘောပေါက်နားလည်အောင် ကျန်းမာရေး အသိအမြင် တိုးတက်အောင် ဆောင်ရွက်နေတယ်။ သတင်းနောက်ကျတာတော့ မဟုတ်ဘူး။ ကျနော်တို့ဆီမှာ အခုမှတွေ့တာ။ ဘာဖြစ်လို့လည်းဆို အဓိကဖြစ်တာ ရန်ကုန်တို့၊ မန္တလေးတို့၊ ပဲခူးတို့၊ ဧရာဝတီတို့ တအားဖြစ်နေပြီး ကျနော်တို့ဖက်လည်း မျှော်လင့်ထားတယ်။ ကျနော်တို့ဖက်လည်း ရောက်လာ နိုင်တယ်။ ကျနော်တို့ပြင်ထားတယ်။ သင်ထားတယ်။ အသိပေးထားတယ်။ အုံအုံကြွက်ကြွက် မရှိသလောက်ပါပဲ´´ လို့ ပြောပါတယ်။

လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါနဲ့ ဘားအံပြည်သူဆေးရုံကြီးမှာ သံသယရှိလူနာ ၁၁ ဦး မြဝတီခရိုင်ဆေးရုံကြီးမှာ သံသယရှိလူနာ ၁ ဦး စုစုပေါင်းလူနာ ၁၂ဦးမှာ နေပြည်တော်အမျိုးသားကျန်းမာရေးဌာန ဓာတ်ခွဲခန်းက အတည်ပြု လူနာ ၂ ဦးအနက် သေဆုံးသူ ၁ ဦး ခဲ့ရှိပြီး ဆေးကုသမှုခံယူနေတဲ့ လူနာတချို့ ကျန်းမာရေးကောင်းမွန်လာပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ A(H1N1)ရောဂါနဲ့ သေဆုံးသူဟာ မယွန်းပပလှိုင် အသက် ၄နှစ် ဘားအံမြို့အမှတ် ၁ ရပ်ကွက် အုတ်ဖိုရပ်မှာ နေထိုင်သူဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့ မနက် ၁၁ နာရီခန့်က သေဆုံးသွားတာလို့ သိရပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ် ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း လူနာ ၆၄၈ ဦးအနက် H1N1ပိုး တွေ့ရှိလူနာ ၂၄၂ ဦးရှိခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအထိ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 နဲ့ သေဆုံးသူစုစုပေါင်း ၂၅ ဦးရှိတယ်လို့ ကျန်းမာရေးဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013