DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂလိကဘဏ် ၂၀ ကျော်က တာဝန်ရှိသူများတွေ့ဆုံဆွေးနွေး
DVB
·
August 16, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂလိကဘဏ် ၂၀ ကျော်က တာဝန်ရှိသူများတွေ့ဆုံဆွေးနွေး
Donate to DVB

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပုဂ္ဂလိကပိုင်ဘဏ် ၂၀ ကျော်က ဥက္ကဋ္ဌတွေနဲ့ တာဝန်ရှိသူတွေကို မနေ့မွန်းလွဲပိုင်းက  နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံပြီး နိုင်ငံတော်က ပံ့ပိုးကူညီနိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ တွေ့ဆုံပြီး ပုဂ္ဂလိကပိုင် ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာတွေကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီအစည်းအဝေးကို  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊  ဒေါက်တာအောင်သူ၊ ဒုဝန်ကြီးဦးမင်းသူ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းနှင့် ဦးဘိုဘိုငယ်၊ ပုဂ္ဂလိကပိုင်ဘဏ် (၂၂) ခုရဲ့ ဥက္ကဋ္ဌတွေနဲ့  တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ၅ ဦးကို  သြဂုတ် ၁၄ ရက်နေ့က ခန့်အပ်တာဝန်ပေးလိုက်ပြီးနောက် ခုလို  ပုဂ္ဂလိကဘဏ်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ပထမဆုံးအကြိမ် သီးသန့် တွေ့ဆုံတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013