DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကဗျာ သရုပ်ဖော်တင်ဆက်မှု Potery Slam ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်
DVB
·
August 16, 2017
ငြိမ်းချမ်းရေးကဗျာ သရုပ်ဖော်တင်ဆက်မှု Potery Slam ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်
Donate to DVB

ငြိမ်းချမ်းရေးကဗျာတွေကို သရုပ်ဖော်တင်ဆက်မှု Potery Slam ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေကို PEN Myanmar က ဖိတ်ခေါ်နေပါတယ်။

ငြိမ်းချမ်းရေးအတွက် အခြေခံကျတဲ့ တန်းတူညီမျှမှုနဲ့ ခွဲခြားမှုမရှိတဲ့ စည်းလုံးညီညွတ်မှုတွေကို လူထုကြားမှာ ကဗျာနဲ့အတူ သရုပ်ဖော်တင်ဆက်မှု Potery Slam အတွက် ပြိုင်ပွဲကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပတော့မှာဖြစ်လို့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းတွေကို PEN Myanmar က စတင်ဖိတ်ခေါ်နေတာပါ။

ပြိုင်ပွဲမှာ ကဗျာသရုပ်ဖော်တင်ဆက်မှုကို ခွဲခြားမှုမရှိတဲ့ ငြိမ်းချမ်းရေးကို အခြေခံထားရမှာဖြစ်ပြီး  တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့လည်း တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။

ကဗျာကို သရုပ်ဖော်တဲ့နေရာမှာ လှုပ်ရှားမှု၊ အက၊ အရွေ့၊ အဝတ်အစား၊ ဖျော်ဖြေရေးသဘော စတာတွေကို ကဗျာသဘောသဘာဝ အားကောင်းတဲ့ ဖွဲ့စည်ပုံအားကောင်းမှု၊  အသံထွက်လွယ်ကူလှပမှု၊ လင်္ကာသီချင်း သဘောထက် စာကဗျာသဘော ပေါ်လွင်အောင် အားထုတ်မှု စတာတွေကို အမှတ်ပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

အဖွဲ့လိုက် ကဗျာသရုပ်ဖော်တင်ဆက်ရတဲ့ Potery Slam ပြိုင်ပွဲကို နိုင်ငံတကာကလောင်ရှင်များ အဖွဲ့ဖြစ်တဲ့ PEN America က ပံ့ပိုးကူညီထားတာဖြစ်ပြီး ဆုကြေးတွေကိုတော့ ဆရာတော် အရှင်ဆန္ဒဓိကရဲ့ မတည်မှုနဲ့ ထိုက်တန်စွာ ချီးမြှင့်မယ်လို့ သိရပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုတဲ့ အသင်းအဖွဲ့တွေအနေနဲ့ စက်တင်ဘာလ နောက်ဆုံးထားပြီး PEN Myanmar ရုံးခန်းတည်ရှိရာ အောက်ပုဇွန်တောင်လမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ လျှောက်လွှာတွေထုတ်ယူပြီး ပေးပို့ စာရင်းသွင်းရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013