DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်-မောင်တော ကားလမ်း၌ ကျပ်သိန်း ၉၅၀၀ ကျော်တန်ဖိုး စိတ်ကြွဆေးများ တွေ့ရှိ
DVB
·
August 15, 2017
ဘူးသီးတောင်-မောင်တော ကားလမ်း၌ ကျပ်သိန်း ၉၅၀၀ ကျော်တန်ဖိုး စိတ်ကြွဆေးများ တွေ့ရှိ
Donate to DVB

 

ဘူးသီးတောင်-မောင်တောသွားကားလမ်းဟောင်းဘေး လှိုဏ်ဂူငယ်အတွင်း ရေမြောင်းထဲကနေ  သြဂုတ် ၁၄ ရက် ညပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျပ်သိန်း ၉၅၀၀ ကျော်တန်ဖိုးရှိတဲ့ ပိုင်ရှင်မဲ့ စိတ်ကြွဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။

မောင်တော ၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သြဂုတ် ၁၄ ရက် ည ၈ နာရီမှာ ဘူးသီးတောင်-မောင်တောသွားကားလမ်းဟောင်း ဘေး လှိုဏ်ဂူငယ်အတွင်းရှိ ညာဖက်ရေမြောင်းထဲမှ ပုဆိုး ၁ ထည်နဲ့အတူ ဆာလာအိတ် ၃ အိတ်ထဲမှာ WYစာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၉၉၀၀ ပြားစီပါ အထုပ် ၄၈ ထုပ် အတွင်းမှ ငွေကျပ် ၉၅၀၄ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၇၅၂၀၀ ပြားကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာပါ။

တရားခံတွေ စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တောင်ဘဇာနယ်မြေစခန်းမှာ အမှုဖွင့် စုံစမ်းနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013