DVB Logo
Home
မြန်မာသတင်း
မောင်တောဒေသ လုံခြုံရေးစိုးရိမ်စရာမရှိတော့ဟု ရခိုင်ဝန်ကြီးချုပ်ပြော
DVB
·
August 15, 2017
မောင်တောဒေသ လုံခြုံရေးစိုးရိမ်စရာမရှိတော့ဟု ရခိုင်ဝန်ကြီးချုပ်ပြော
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောဒေသအတွက် တပ်မတော်အင်အားတွေ ဖြည့်စွက်တိုးမြှင့်ထားတဲ့အတွက် လုံခြုံရေး အခြေအနေ စိုးရိမ်စရာ မရှိတော့ဘူးလို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

ဩဂုတ် ၁၄ ရက် မနက်ပိုင်းက မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာက ဒေသခံတွေကို ပြည်ထောင်စုဝန်ကြီးတွေ လာရောက် တွေ့ဆုံအားပေးရာမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာဖြစ်ပြီး အစိုးရက လိုအပ်ချက်တွေကို တာဝန်ယူ ဖြည့်ဆည်းပေးမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက“လုံခြုံရေးကိစ္စ၊ လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စ ဒါတွေအကုန် တာဝန်ယူသွားမှာပါ။ အခုမေယုတောင်ကြောပေါ်မှာလည်း တပ်မတော်ရော နယ်ခြားစောင့် အဖွဲ့တွေ က လုံခြုံရေး တာဝန်ယူထားပြီးပါပြီ။ အရင်ကအောက်ခြေမှာ အခု တောင်ပေါ်မှာ အပြည့်ယူထားပြီ ဘာမှစိုးရိမ်စရာ မလိုဘူး။ လုပ်ကိုင်စားသောက်ဖို့ခက်နေတဲ့အတွက် လတ်တလောလိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ ၂ လစာ နိုင်ငံတော်ကပေးမယ်။ ပြည်နယ်အစိုးရက လိုအပ်တာတွေ ထပ်ပေးသွားပါမယ်”လို့ ပြောပါတယ်။

အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့ ကိုင်းကြီးမြိုရွာသားတွေကတော့ ကျေးရွာကို လုံခြုံစိတ်ချရတဲ့ နေရာမှာ ပြောင်းရွှေ့သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး အစိုးရက ကိုင်းကြီးကျေးရွာ အပြင် မောင်တောဒေသ တစ်ခုလုံးက တိုင်းရင်းသားတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအခြေအနေ အားလုံးအတွက် အထူးကိစ္စရပ်အနေနဲ့ ဆောင်ရွက်မယ်လို့ နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။

နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင် က “မောင်တော တမြို့လုံးမှာရှိတဲ့ မြိုတိုင်းရင်းသားတွေအတွက် တခြားတိုင်းရင်းသားတွေအတွက် ဘာတွေ လုပ်ပေး ရမလဲ ဆိုတာ တင်ပြချက်တွေအပေါ်မှာ အခြေအနေမှန်တွေသိပြီး နားလည်သဘောပေါက်ပြီး တို့လုပ်ပေးနိုင်သလောက် တတ်စွမ်းရှိသရွေ့ နိုင်ငံတော်ရဲ့ ရန်ပုံငွေ အထူးကိစ္စရပ်အဖြစ်နဲ့ ဒီဒေသတွေ ကို သာမန်ဒေသတွေထက် ပိုပြီးတော့ အလေးထားပြီးတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးမယ်လို့ ပြောရင် သဘောပေါက်မယ် ထင်ပါတယ်”

မောင်တောခရိုင်ထဲမှာ ၂၀၁၆ အောက်တိုဘာ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း အရပ်သားသေဆုံးသူ ၆၀ နီးပါးနဲ့ ပျောက်ဆုံးနေသူ ၃၃ ဦးအထိရှိနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၃ ရက်က ဖြစ်ခဲ့တဲ့ကိုင်းကြီးရွာသား ၈ ဦး တိုက်ခိုက်ခံရမှုဟာ အရပ်သားသေကြေမှု အများဆုံး ဖြစ်ခဲ့တာပါ။

မောင်တောဒေသက တိုင်းရင်းသားတွေကို ကာကွယ်ပေးဖို့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၅ ခုမှာပြီးခဲ့သီတင်းပတ်ကုန်မှာ  ဒေသခံတွေက ဆန္ဒပြပွဲတွေ ပြုလုပ်ပြီး အစိုးရကို တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013