DVB Logo
Home
မြန်မာသတင်း
ခန္တီးမြို့ ရေဘေးဒုက္ခသည်များ စားနပ်ရိက္ခာ အကူအညီလိုအပ်
DVB
·
August 15, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေ ရေကြီးတာ ၅ ရက်လောက်ရှိနေပြီး ရေက ဆက်တက်နေကာ ရေဘေးဒုက္ခတွေ ၂၀၀၀ ကျော်အတွက် ဆန်တွေ ဆီတွေ လိုအပ်နေတယ်လို့ ရေဘေး ကူညီနေတဲ့ မြို့မဆရာတော်ဦးကော်ဝိက မိန့်ကြားပါတယ်။

ခန္တီးမြို့ရှိ မြသိန်းတန်ရိပ်သာကျောင်း၊ ပေါ်မိုင်းဘုန်းကြီးကျောင်း၊ မြို့မဘုန်းကြီးကျောင်းတွေမှာ ရေဘေးဒုက္ခသည် ၂၀၀၀ ကျော်အတွက် ရေဘေးရှောင်စခန်း ဖွင့်လှစ်ထားပြီး အဓိက သောက်သုံးရေသန့်၊ ဆန်၊ ဆီတွေ လိုအပ်နေတာပါ။

မြသိန်းတန်ရိပ်သာကျောင်းမှာ နေထိုင်တဲ့ ရေဘေးဒုက္ခသည်တဦးက “အခု ခန္တီးမြို့ စိုးရိမ်ရေမှတ် အထက် ၄ ပေခွဲလောက် ရောက်နေပြီ။ အခုကျနော်တို့အိမ်တွေ မြုပ်နေလို့ ဘုန်းကြီးကျောင်း တွေမှာ သွားရတယ်။ မြသိန်းတန်ရိပ်သာကျောင်းမှာ ၁၀၀ လောက်ရှိတယ်။ မနေ့က မြို့နယ်အုပ်ချုပ်ရေးပိုင်းက ကူညီပေးတာတွေ မရှိပါဘူး။ လူကယ်ပြန်တော့ လာတယ်။ လူတယောက်ကို ၂၁၀၀ ကျပ်နှုန်း လာရောက်ပေးတယ်”လို့ ပြောပါတယ်။

သတင်း - အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013