DVB Logo
Home
မြန်မာသတင်း
ရွှေဘုံသာ ပစ္စည်းဟောင်းဈေးတန်းကို ကမ်းနားလမ်း ညဈေးတန်းသို့ ပြောင်းရွှေ့ရန်စီစဉ်
DVB
·
August 15, 2017
ရွှေဘုံသာ ပစ္စည်းဟောင်းဈေးတန်းကို ကမ်းနားလမ်း ညဈေးတန်းသို့ ပြောင်းရွှေ့ရန်စီစဉ်
Donate to DVB

 

ရန်ကုန်မြို့ ရွှေဘုံသာလမ်းက ပစ္စည်းဟောင်းရောင်းတဲ့ ဈေးတန်းကို သြဂုတ် ၁၅ ရက်ကစပြီး ကမ်းနားလမ်းက ညဈေးတန်းကို အုပ်စုလိုက်ခွဲပြီး ပြောင်းရွေ့ဖို့ စီစဉ်နေပါတယ်။

ပန်းဘဲတန်း မဲဆန္ဒနယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦး က “ဒီ အဟောင်းဈေးတန်းရဲ သက်တမ်းအနှစ် ၂၀ လောက်ရှိပြီးတော့ ဘိန်းစားတန်းလို့ အရပ်စကား အလွယ်ခေါ်ကျပေမယ့် မလိုချင်တဲ့ပစ္စည်းဟောင်းတွေရောင်းတဲ့နေရာ လိုချင်တဲ့ပစ္စည်းတွေ ပြန်ရှာဝယ်တဲ့နေရာလို့ပဲ သုံးချင်တယ်။ အခုချိန်ကတော့ စိစစ်နေတုန်းပါ။ စည်ပင်နဲ့ တိုင်း ဒေသကြီးအစိုးရ ညွန်ကြားချက်ရရင် ထုတ်ပြန်သွားပါ့မယ်။ ဈေးသည်အများစုကတော့ ပြောင်းဖို့ကို သဘောတူကြပါတယ်"လို့ ပြောပါတယ်။

အဟောင်းဈေးပြောင်းရွှေ့မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ဈေးသည်တဦးက  "ကောင်းပါတယ်။ အခုလိုပြောင်းမှာ ကောင်းပါတယ်။ စာလည်း ထုတ်ထားတယ်။ ဒါပေမယ့် အုပ်စုတွေခွဲရင်တော့ ဆိုင်ခန်းနဲ့ ရောင်းမယ့်သူတွေ ပျံကျရောင်းမယ့်သူတွေကို သေချာအစီအစဉ် မချရင်တော့ နောက်ဆက်တွဲပြဿနာရှိတယ်။ လိုချင်တာတော့ အားလုံးဆိုင်ခန်းလိုချင်တာပေါ့။ ဒါပေမယ့် အကုန်လုံး ပရမ်းပတာချပေးရင်လည်း နစ်နာမှုတွေရှိနိုင်တယ်"လို့  ပြောပါတယ်။

ဒီရွှေဘုံသာလမ်း အဟောင်းဈေးတန်းဟာ ညနေဘက်တွေမှာ ဈေးရောင်းဈေးဝယ်တွေနဲ့ စည်ကားတာကြောင့် လမ်းပိတ်ဆို့တာတွေလည်း ဖြစ်နေတဲ့အတွက် အခုလို ရွှေ့ပြောင်းဖို့ စီစဉ်ရတာ ဖြစ်ပြီးတော့ အသစ်ပြောင်းရွှေ့မယ့် ညဈေးတန်းနေရာမှာ စည်းကမ်းတကျ သတ်မှတ်ရောင်းချ နိုင်အောင် စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013