DVB Logo
Home
မြန်မာသတင်း
အဓမ္မဝါဒီမမှန်သတင်းများဖြန့်မှုကို အရေးယူပေးရန် မီဒီယာကောင်စီထံတိုင်ကြား
DVB
·
August 15, 2017
Donate to DVB

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ  ဝါဒဖြန့် မမှန်သတင်းဖော်ပြခဲ့တဲ့ သတင်းစာမျက်နှာတခုကို အရေးယူပေးဖို့   မီဒီယာကောင်စီကို တိုင်ကြားထားပါတယ်။

မြန်မာ့နိုင်ငံရေးဘက်မလိုက်သတင်းဟစ်တိုင်မှာ Zay Linn Htike ဆိုတဲ့ အကောင့်က ရေးထားတာကို သြဂုတ် ၁၃ ရက်က ဘက်မလိုက် သတင်းဂျာနယ် ဖေ့စ်ဘွတ်စာမျက်နှာမှာ သာသနာရေးဝန်ကြီးရဲ့ ယုတ်မာချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တရားပွဲတွေမှာ ရွတ်ဆိုနေတဲ့ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုကို မရွတ်ဆိုဖို့ ဝန်ကြီးက ပြောတယ်လို့ ရေးသားခဲ့တာပါ။

ဒါတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးအနေနဲ့ ပြောကြားခဲ့တာမရှိကြောင်းနဲ့ သတင်းမှား ဖော်ပြနေတဲ့ ဖေ့စ်ဘွတ် အကောင့်နဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို ဥပဒေနဲ့အညီ အရေးယူမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက သြဂုတ် ၁၃ ရက် မှာ ထုတ်ပြန်ပါတယ်။

ဒါတွေဟာ အဓမ္မဝါဒီတွေက မသိနားမလည်တဲ့ လူထုတွေကို ဘာသာရေးစိတ် နာကျည်းစေဖို့ သွေးထိုးတာ ဖြစ်ပြီး နိုင်ငံရေးအသွင်ကူးပြောင်းပြီး ဆူပူစေဖို့ အကွက်ချ ရည်ရွယ်တာလို့လည်း ဖော်ပြထားပါတယ်။

သာသနာရေးဝန်ကြီးဌာနရဲ့ ပြည်တွင်းပြည်ပ ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “ကျနော်တို့ မနေ့ကပဲ သတင်းမီဒီယာကောင်စီကို တိုင်ကြားထားပါပြီ။ ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ-၁ ဦးအောင်လှထွန်းက တိုင်စာကို လက်ခံရရှိထားပြီး အစည်းအဝေးလုပ်ဖို့ ရှိနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013