DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင် ရိုဟင်ဂျာတိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိကြေညာရန် ပါတီ ၂၀ တောင်းဆို
DVB
·
August 15, 2017
မြန်မာပြည်တွင် ရိုဟင်ဂျာတိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိကြေညာရန် ပါတီ ၂၀ တောင်းဆို
Donate to DVB

 

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာအမည်နဲ့ တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိတရားဝင် ထုတ်ပေးဖို့ ကြံ့ခိုင်ရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၂၀ က အစိုးရကို သြဂုတ် ၁၄ ရက်စွဲနဲ့ ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုကျူးလွန်နေသူတွေကို အကြမ်းဖက်မှု ဥပဒေနဲ့ ထိရောက် ပြင်းထန်စွာ အရေးယူဖို့၊ ထိရောက်လုံလောက်တဲ့ ဒေသလုံခြုံရေး စနစ်အမြန်ဆောင်ရွက်ဖို့နဲ့  အုပ်ချုပ်ရေးဝန်ထမ်း၊ တပ်မတော်နဲ့  ရဲတပ်ဖွဲ့ဝင်တွေအပါဝင် လုံခြုံရေး အဖွဲ့အစည်းတွေကို ဥပဒေအရ အကာအကွယ် အာမခံချက်ပေးဖို့လည်းတောင်းဆိုထားပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်လို့ အချိန်မှီဆောင်ရွက် နိုင်ချေရှိပါလျက် မဆောင်ရွက်နိုင်တာ ကြောင့် နိုင်ငံနဲ့ပြည်သူတွေအတွက် ဖြစ်လာမယ့်အကျိုးဆက်တွေဟာ အစိုးရမှာသာ တာဝန်ရှိတယ်လို့လည်း ပါတီ ၂၀ က  သတိပေးထားပါတယ်။

အကြမ်းဖက်မှု အင်္ဂါမြောက်လျက် အကြမ်းဖက်မှုလို့ မသတ်မှတ်တာ  ဆိုင်ရာဥပဒေနဲ့ အရေးယူဖို့ ပျက်ကွက်တာတွေဟာလည်း အကြမ်းဖက်မှုကျူးလွန်ရာရောက်တယ်ဆိုတာကိုလည်း သတိပြုဖို့လိုတယ်လို့ နိုင်ငံရေးပါတီ ၂၀ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာဖော်ပြပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရနဲ့ နိုင်ငံရေး ပါတီ ၂၀ တို့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ လည်း  မနေ့က ပါတီထိပ်တန်းခေါင်းဆောင်တွေ ရန်ကုန်မှာ  တွေ့ဆုံေ ဆွးနွေးပွဲ အပြီးပြော ဆိုလိုက်ပါတယ်။

လက်ရှိ မေယုတောင်တန်းတွေမှာ လုံခြုံရေး အတွက် စစ်အင်အား တိုးချဲ့ချထားမှု အပေါ်ကိုလဲ နိုင်ငံရေး ပါတီ ၂၀ အနေနဲ့ စစ်အင်အား တိုးချဲ့ချထားတယ်လို့ မမြင်ဘဲ လုံခြုံရေးအရ ဆောင်ရွက်တယ်လို့ဘဲ မြင်တယ်လို့လည်း ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အဆိုပါနိုင်ငံရေးပါတီ ၂၀ ထဲမှာ ကြံ့ခိုင်ရေးပါတီ၊ တစညပါတီ၊ အန်ဒီအက်ဖ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်နဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) စတဲ့ ပါတီတွေပူးပေါင်းပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013