DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်း၊ ခန္တီးနှင့် ရွှေကူမြို့များတွင် မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေ
DVB
·
August 15, 2017
ဟုမ္မလင်း၊ ခန္တီးနှင့် ရွှေကူမြို့များတွင် မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေ
Donate to DVB

 

ဟုမ္မလင်း၊ခန္တီးနဲ့ ရွှေကူမြို့တွေမှာ ဒီကနေ့မနက် တိုင်းထွာချက်တွေအရ မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေတဲ့အတွက်   မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေသူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့  မိုးဇလဌာနက အကြံပြုတိုက်တွန်းထားပါတယ်။

ဧရာဝတီမြစ်ရေဟာ  ရွှေကူမြို့မှာ ပေဝက်ခန့် ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

ချင်းတွင်းမြစ်ရေဟာလည်း  ခန္တီးမြို့မှာ  (၄)ပေခွဲခန့်နဲ့  ဟုမ္မလင်းမြို့မှာ (၁)ပေခွဲခန့် စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး စစ်တောင်းမြစ်ရေဟာလည်း မဒေါက်မြို့မှာ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013