DVB Logo
Home
မြန်မာသတင်း
ပြည်ဆေးရုံကြီးတွင် H1N1 သံသယ လူနာ ၁ ဦး သေဆုံး
DVB
·
August 14, 2017
ပြည်ဆေးရုံကြီးတွင်  H1N1 သံသယ လူနာ ၁ ဦး သေဆုံး
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်ဆေးရုံကြီးမှာ သြဂုတ် ၁၂ ရက်က H1N1 ရာသီတုပ်ကွေး သံသယရှိ လူနာ ၁ ယောက် သေဆုံးသွားပါတယ်။

အဲဒီလူနာဟာ ပေါင်းတည်မြို့ ကျွဲတဲကြီးကျေးရွာကဖြစ်ပါတယ်။ ပေါင်းတည်ဆေးရုံကို သြဂုတ် ၄ ရက်က ရောက်ရှိလာခဲ့ပြီး ဆေးရုံတက်လာစဉ်က နှလုံးအားနည်းကာ သွေးတိုးရောဂါနဲ့ ဆေးရုံလာတက်တာဖြစ်ပါတယ်။

ရောဂါမသက်သာတာကြောင့် ပေါင်းတည်ဆေးရုံကနေ ပြည်ဆေးရုံကြီးကို ၉ ရက်မှာ လွှဲပြောင်းပေးလိုက်တာပါ။

ပြည်ဆေးရုံကြီးမှာရောက်ပြီး ဆေးကုသခံနေစဉ်မှာပဲ သြဂုတ်လ၁၁ရက်မှာ အသက်ရှုကျပ်ပြီး ရာသီတုပ်ကွေးရောဂါ လက္ခဏာစတင်တွေ့ရှိခဲ့ကာ ပြည်ဆေးရုံ ရောက်ပြီး ၃ ရက်အကြာ သြဂုတ် ၁၂ ရက်မှာ သေဆုံးသွားတာလို့ ပြည်ဆေးရုံအုပ် ဒေါက်တာအေးအေးမိုးက ရှင်းပြပါတယ်။

ဒါပေမဲ့ အဲဒီအချိန်ထိ သံသယ လူနာဖြစ်နေတာမို့ အလောင်းကိုတော့ ပေါင်းတည်ကိုပြန်သယ်ယူခွင့်မပေးတော့ပဲ ပြည်မှာ သင်္ဂြိုလ် လိုက်တာဖြစ်တဲ့အကြောင်းနဲ့ အမျိုးသားဓါတ်ခွဲခန်းက ၁၃ ရက်နေ့မှာ H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်နေသူလို့ အဖြေ ရရှိခဲ့တဲ့အကြောင်း ဆေးရုံအုပ်ကပဲ ဆက်ရှင်းပြပါတယ်။

ပြည်ခရိုင်အတွင်းမှာ H1N1 သံသယရှိသူ ၄ယောက်ရှိခဲ့ရာမှာ ပန်းတောင်းမြို့နယ် ပြင်ကြီးကျေးရွာက တယောက်က ရန်ကုန်မှာ ဆေးကုသခံနေခဲ့ပြီး အခု သေဆုံးသွားသူ တယောက်က ပေါင်းတည်မြို့နယ် ကြို့ပင်သာအုပ်စု၊ ကျွဲတဲကြီးကျေးရွာက ဖြစ်ပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ရောဂါမတွေ့ဘူးလို့ တာဝန်ရှိသူတွေထံက သိရပါတယ်။

မြန်မာတပြည်လုံးမှာ  လက်ရှိအချိန်အထိ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့  လူနာစုစုပေါင်း ၂၃၀ ယောက်နဲ့ သေဆုံးသူ ၂၃ ယောက်ရှိနေပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013