DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 14, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၇၈၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၁,၀၀၀ ဈေးတက်လာပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ငွေကျပ် ၄၉၈,၆၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၉,၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲပုတ် (ဗမာ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ)က ၁ အိတ်ကို ငွေကျပ် ၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

နှမ်းညို
နှမ်းညိုကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၈၇,၀၀၀ ကနေ ၉၀,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကုလားပဲ v2
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၁ တင်းကို၂,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၄၄,၀၀၀ ရှိပါတယ်။

ပဲနောက်စိမ်း
ပဲနောက်စိမ်းကတော့ ၁ တင်းကို ငွေကျပ် ၃၂,၆၀၀ ပေါက်ဈေးရှိနေပြီး ၁ တင်းကို ၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲဇီးကွက်
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ပဲဇီးကွက်က ၁ ပိဿာကို ၁,၃၅၀ ကျပ်ကနေ ငွေကျပ် ၁,၄၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ထန်းလျက်
ထန်းလျက်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၁၃၀ ကျပ်ကနေ  ငွေကျပ် ၁,၂၈၀ ပေါက်ဈေးရှိနေပြီး ၃၀ ကျပ် ဈေးတက်လာပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013