DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် စာသင်ကျောင်း ပြိုကျပျက်စီးနေသဖြင့် စာသင်ကြားရေး အခက်ကြုံ
DVB
·
August 14, 2017
Donate to DVB

တိုက်ကြီးမြို့နယ် အဖျောက်မြို့အမှတ် (၁) ရပ်ကွက် မူလတန်းကျောင်းမှာ အမိုးအကာတွေ မလုံခြုံသလို ကြမ်းခင်းတွေလည်း ပြိုကျပျက်စီးနေလို့ စာသင်ခန်းမရှိတာကြောင့် ကျောင်းသားကျောင်းသူ ၁၀၀ ကျော် ပညာသင်ကြားရေး အခက်အခဲကြုံတွေ့နေတယ်လို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းကြည်က “ကျောင်းက ၄ နှစ်ရှိပြီ။ ရပ်ကွက်နေပြည်သူတွေက ဆောက်ထားပေးတဲ့ ဝါးကျောင်းလေးပါ။ တနှစ်တခါ မိုးရကာရတယ်လေ။ အဲဒါကိုလည်း ရပ်ကွက်ကပဲ လုပ်ပေးတာပါ။ အခုက ဝါးတွေက ဆွေးနေပြီး ကလေးတွေဆိုတော့ ဆော့တယ်လေ။ ဒါကြောင့် သူတို့အတွက် အန္တရာယ်ရှိတယ်။ ပြီးတော့ ကျောင်းကကျဉ်းတော့ အခန်းကန့်လို့ မရဘူး။ အဲဒီအတွက် ဟောခန်းထဲမှာ အကုန်စုပြီး စာသင်ရတာဆိုတော့ စာသင်ရတာ အဆင်မပြေဘူး။ ကျောင်းဆောင်သစ်ချထားပေးဖို့ ပညာရေးဌာနကိုလည်း စာတင်ထားပါတယ်” လို့ ပြောပါတယ်။

အဖျောက် (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးစန်ယုက “ကျနော်တို့ မူလတန်းကျောင်း နှစ်ကျောင်းကို ၂၀၁၄ ခုနှစ်က ပညာရေး ဝန်ကြီးဌာနကိုတောင်းဆိုတော့ သူတို့က မြေနေရာနဲ့ ယာယီကျောင်းဆောင်လေးကို အရင်ဆုံး ဆောက်လုပ်ထားပါတဲ့။ ပြီးရင် သူတို့ ကျောင်းဆောင်ချထားပေးမယ်ပြောလို့ ကျောင်းမြေနေရာအတွက် အလှူခံတော့ ဦးအောင်ခိုင်ဖောင်ဒေးရှင်းက မြေနေရာလှူတယ်။ ဒါနဲ့ ကျနော်တို့ရပ်ကွက်သားတွေ စုပေါင်းပြီး ယာယီ ဝါးကျောင်းဆောင်ကို အရင်ဆောက်လိုက်ပါတယ်။ ပြီးတော့ ပညာရေးဌာနကို ဓာတ်ပုံတွေနဲ့ပူးတွဲပြီး တင်ပြတောင်းဆိုတော့ ၂၀၁၄ ခုနှစ်မှာ အစိုးရမူလတန်းကျောင်းအဖြစ် အသိအမှတ်ပြုပြီး ကျောင်းဆရာဆရာမ ချထားပေးပါတယ်။ ဒါပေမယ့် ကျောင်းဆောင်ကတော့ မချပေးသေးဘူး။ ကျနော်တို့နဲ့အတူလျှောက်တဲ့ မူလတန်း ကျောင်းဆိုရင် အခုကျောင်းဆောင်သစ် ချပေးထားပေးလို့ အဆင်ပြေနေပြီး ကျနော်တို့ ရပ်ကွက်က ကျောင်းကတော့ မရသေးဘူး။ တောင်းတာလည်း ၄ နှစ်ရှိ” လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းက “ပညာရေးဌာနအနေနဲ့ကတော့ မပြည့်စုံသေးတဲ့ကျောင်းတွေကို လိုက်ကြည့်ပြီး လိုအပ်တာတွေကို လုပ်ဆောင်ပေးနေပါတယ်။ တိုက်ကြီးမြို့နယ်မှာ မူလတန်းကျောင်း ၃၀၇ ကျောင်း၊ မူလွန်း ၅၈ ကျောင်း အလက (ခွဲ) ၁၅ ကျောင်း၊ အလက ၆ ကျောင်း၊ အထက (ခွဲ) ၁၀ ကျောင်း၊ အထက ၉ ကျောင်းနဲ့ ဝါးနဲ့ ဆောက်လုပ်ထားတဲ့ မူလတန်းကျောင်း ၆ ကျောင်းရှိပြီး ၂၀၁၈-၁၉ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းဆောင်သစ်အကုန်ဆောက်လုပ်ပေးသွားမယ်” လို့ ပြောပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013