DVB Logo
Home
မြန်မာသတင်း
၁၃ အရွယ် မိန်းကလေးကို ရော်ဘာခြံလုပ်သားက အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွား
DVB
·
August 14, 2017
၁၃ အရွယ် မိန်းကလေးကို ရော်ဘာခြံလုပ်သားက အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွား
Donate to DVB

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် အုတ်ဖိုမော်ကျေးရွာမှာ အသက် ၁၃ နှစ်အရွယ် ကလေးထိန်း မိန်းကလေးငယ်ကို ရော်ဘာခြံလုပ်သားတဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ကံမော်ရဲကင်းမှူးက ပြောပါတယ်။

အုတ်ဖိုမော်ကျေးရွာဦးချိန်ရဲ့ ရော်ဘာခြံမှာ အလုပ်လုပ်ကိုင်နေတဲ့  ဦးမင်းကို (၄၉ နှစ်) က သူရဲ့သမီး ၉ လသားအရွယ်ကလေးကို ထိန်းကျောင်းဖို့အတွက် အသက် ၁၃ နှစ်အရွယ် မိန်းခလေးကို တလ လစာ ၁၂,၀၀၀ကျပ်နဲ့ ငှားရမ်းခေါ်ဆောင်သွားပြီး တလလောက်အကြာမှာ ဦးမင်းကိုက ညအချိန် အိပ်ယာတွင်းသို့ဝင်ပြီး ညတိုင်းလိုလို သားမယားအဖြစ် ပြုကျင့်ခဲ့တာလို့ ကံမော်ရဲကင်းမှူး ဒုရဲအုပ် ရဲမင်းထွန်းကပြောပါတယ်။

"မိန်းခလေးကို မင်းကိုက သူရဲ့ကလေးထိန်းဖို့ဆိုပြီး လွန်ခဲ့တဲ့ ၂ လ လောက်က ငှားရမ်းသွားတာပါ။ သူ့ရဲ့အမျိုးသမီးက စိတ်မနှံ့ဘူးဆိုတော့ ကျနော့်အထင် စိတ်မထိန်းနိုင်ပဲ အကြိမ်ကြိမ်ပြုကျင့်မှု ဖြစ်လိမ့်မယ်။ ကျနော်တို့ ဒီနေ့ပဲ တရားခံကို ကျွန်းစုကို လွဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။"

သြဂုတ် ၁၁ ရက်က  ဦးမင်းကိုမှာ ဦးချိန်ရဲ့ရော်ဘာခြံမှာ အလုပ်လုပ်ကိုင်ခြင်းမရှိတော့ပဲ ဦးမောင်ဝင်းရဲ့ရော်ဘာခြံသို့ အလုပ်ကူးပြောင်းသွားလို့  မိန်းခလေးမှာ မိခင်ရှိရာသို့ ပြန်လာပြီး မိခင်ဖြစ်သူကို  ပြောခဲ့တယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ခဲ့သူ ဦးမင်းကိုအား အရေးယူပေးဖို့  မိခင်ဖြစ်သူက ကံမော်ရဲစခန်းမှာ တရားလိုပြုတိုင်တန်းတဲ့အတွက် ကံမော်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013