DVB Logo
Home
မြန်မာသတင်း
တူမီးသေနတ်များ ကိုင်ဆောင်ထားသည့် ဆင်သတ်ဂိုဏ်းကို ပစ်ခတ်ဖမ်းဆီး
DVB
·
August 14, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှာ တောဆင်ရိုင်းတွေကျက်စားလေ့ရှိတဲ့ ကျွန်းလျားကြီးကျေးရွာအုပ်စုမှာ ဆင်သတ်ဂိုဏ်းတခုကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ ဟာ ကျွန်းလျားကြီးကျေးရွာအုပ်စုအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်မှာ ဆင်အရေခွံတွေကို ကြပ်တိုက်နေတဲ့အဖွဲ့ကို တွေ့တာကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးစဉ်မှာ လက်လုပ် တူမီးသေနတ်တွေနဲ့ ပြန်လည်ခုခံဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ဒဏ်ရာနဲ့တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ဒီဗွီဘီကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ချိုတင်မှာ ယာဘက်ပေါင်သေနတ် ထိမှန်ခဲ့တာကြောင့် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ကျန်တဲ့ ထွန်းလှိုင်နဲ့ ဆလိုင်းအောင်နေဦးတို့ နှစ်ဦးကတော့ တောထဲ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ကြပ်တိုက်နေတဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့ရာ အသက် ၄၀ အရွယ်ရှိတဲ့ ဆင်မတကောင်ကို သတ်ထားတာတွေ့ရှိရပြီး တူမီးသေနတ် ၂ လက်၊ ဆင်စွယ် ၄ ချောင်း၊ ဆင်အရေခွံတွေအပါအဝင် အခြားသက်သေခံပစ္စည်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ချိုတင်၊ ထွန်းလှိုင်၊ ဆလိုင်းအောင်နေဦးတို့ ၃ ဦးကို သာပေါင်း မြို့မရဲစခန်းမှာ တောရိုင်းတိရစ္ဆာန် သဘာဝအပင်များကာကွယ်ရေးနဲ့ သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ-၃၇(က) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပြီး ထွက်ပြေး လွတ်မြောက်နေသူတွေကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာတော့ ဒီနှစ်ထဲမှာ တောဆင်ရိုင်း ၁၃ ကောင်အထိ သတ်ဖြတ်ခံခဲ့ရပြီး ဆင်သတ်မုဆိုး ၁၀ ဦးလောက်ကို ဖမ်းဆီးထားတယ်လို့ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၀ အထိ စာရင်းကောက်ယူထားမှုအရ တောဆင် ကောင်ရေ ၇၀၀ ထိရှိပြီး နောက်ပိုင်းမှာ သတ်ဖြတ်ခံရတာတွေ များလာတာကြောင့် ကောင်ရေ လျော့နည်းလာနေပါတယ်။

ဓာတ်ပုံ- ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013