DVB Logo
Home
မြန်မာသတင်း
နာမည်ကျော်အဆိုတော်များ၏ အမူအရာသရုပ်ပြများနှင့် ဖေ့စ်ဘွတ်ခ်ပေါ် နာမည်ကြီးနေသည့် သဲ Teddie Ko(ရုပ်သံ)
DVB
·
August 14, 2017
Donate to DVB

နာမည်ကြီးအဆိုတော်တဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ဝင်္ကဒီပနီ ယောက်ျားသီချင်းကို သူ့ရဲ့ သရုပ်ဆောင်မှု ပုံစံတွေအတိုင်း သရုပ်ဆောင်ထားခဲ့တဲ့ လူငယ် အမျိုးသားတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။

သူကတော့ သဲ Teddie Ko လို့ အမည်ပေးထားခဲ့တဲ့ လူငယ်အမျိုးသားတဦး ဖြစ်ကာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဒီသီချင်းကို မျှဝေထားခဲ့တာပါ။

သြဂုတ်လ ၁၁ ရက်နေ့က မျှဝေထားခဲ့တဲ့ ဒီသီချင်းကို ဝင်ရောက်ကြည့်ရှုသူ၊ ပြန်လည်မျှဝေသူတွေနဲ့ အင်တာနက် အသုံးပြုသူတွေကြား နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။

မူရင်းအဆိုတော် ထွန်းအိန္ဒြာဗိုရဲ့ သရုပ်ဆောင်မှုတွေအတိုင်း ဝတ်စုံကိုပါ စနစ်တကျ စီစဉ်ဝတ်ဆင်ထားခဲ့တာဖြစ်ပြီး မျက်နှာအမူအရာကအစ တထပ်တည်းတူညီအောင် သရုပ်ဆောင် ထားခဲ့လို့ ပရိသတ်တွေက သဘောတကျ ဝေဖန်မှတ်ချက်တွေ ရေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဧကရီဆွေအမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးကတော့ “ဝိုး… တထပ်တည်းပဲ။ မနည်းကြည့်ယူရတယ်။ တော်တော်ကို တူတာပါ။ အရမ်းတော်တယ်။ အရမ်းကြိုက်တယ်။ အားပေးနေမယ်”လို့ မှတ်ချက်ရေးခဲ့တာကို တေ့ရပါတယ်။

မူရင်းအဆိုတော်တွေရဲ့ သရုပ်ဆောင်မှုတွေအတိုင်း ဟာသနဲ့ အရွှန်းဖောက် သရုပ်ဆောင်ထားခဲ့တဲ့ တခြားသီချင်းတွေကိုလည်း သူ့ရဲ့ စာမျက်နှာမှာ မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

အဲဒီသီချင်းတွေထဲမှာ တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ ချယ်ရီလမ်း၊ နီနီခင်ဇော်ရဲ့ Bad Boy၊ လက်ရှိနာမည်ကြီး ရုပ်ရှင်ကားတကားဖြစ်တဲ့ ‘ည’ရဲ့ ဇာတ်ဝင်သီချင်းတွေထဲကအတိုင်း သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013