DVB Logo
Home
မြန်မာသတင်း
တရုတ်နှင့်ထိုင်းထုတ် အလှကုန်ပစ္စည်း ၃မျိုး သုံးစွဲရန်မသင်ေ့ကြာင်းကြေညာ
DVB
·
August 14, 2017
တရုတ်နှင့်ထိုင်းထုတ် အလှကုန်ပစ္စည်း ၃မျိုး သုံးစွဲရန်မသင်ေ့ကြာင်းကြေညာ
Donate to DVB

 

တရုတ်ကုမ္ပဏီထုတ် အလှကုန်ပစ္စည်း ၂ မျိုးနဲ့ ထိုင်းကုမ္ပဏီထုတ် အလှကုန်ပစ္စည်း ၁ မျိုးတို့ကို အများပြည်သူသုံးစွဲဖို့ မသင့်တော်တဲ့အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။

တရုတ်ဘာသာနဲ့ ဖော်ပြထားတဲ့ QIANLI Acarus Removed & Spots Removing Cream နဲ့ JIAOLI 12 Day’s Whitening Despeckle Treatment (Day Cream + Night Cream) ၊ ထိုင်းဘာသာနဲ့ ဖော်ပြထားတဲ့ Dr. YANHEE Cosmetic Set  အမှတ်တံဆိပ်  အမျိုးအစား အလှကုန်တွေကို သုံးစွဲဖို့ မသင့်ကြောင်း ကြေညာလိုက်တာပါ။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို စစ်ဆေးရာမှာ အဆိုပါ အလှကုန်ပစ္စည်းတွေဟာ ဌာနမှာ မှတ်တမ်းတင် ထားတာမရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်း တွေ  ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ်။

အဆိပ်သင့် ဓာတုပစ္စည်းတွေဟာ အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေပြားမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး ထုံကျင်တာ၊ ကြွက်သားတွေ တုန်ခါတာ၊ ပင်ပန်းနွမ်းနွယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေ အပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ် ပျက်စီးတာနဲ့ တခြားရောဂါတွေ ဖြစ်စေနိုင်တယ်လို့လည်း  ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013