DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့က ကေတီဗွီတခုတွင် ခိုက်ရန်ဖြစ်ပွား၊  ၂ ဦးသေ ၁ ဦး ဒဏ်ရာရ
DVB
·
August 14, 2017
Donate to DVB

ပဲခူးမြို့ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ဆည်းဆာ ကေတီဗွီမှာ သြဂုတ် ၁၄ ရက်နေ့ မနက် ၃ နာရီလောက်က လူငယ်တွေ စကားများရန်ဖြစ်ရာမှာ စကေဘာနဲ့ အထိုးခံရပြီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ အမှတ်-၃ နယ်မြေရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ် ၁၃ ရက်ညက ကိုမြတ်သူ၊ ကိုသိန်းမင်းထိုက်နဲ့ ကိုကာစင်တို့ ၃ ဦးဟာ ဆည်းဆာ ကေတီဗွီကို ရောက်ရှိပြီး အခန်းမအားလို့ ဆိုင်ရှေ့မြေပြင်မှာ ထိုင်စောင့်နေစဉ် အခန်းထဲက အသက် ၂၀ ကျော်လောက်ရှိတဲ့ အမျိုးသား ၄ ဦးထွက်လာပြီး မင်းတို့က ဒီဆိုင်ကလားလို့ မေးပြီး ကိုမြတ်သူကို ရင်ဘတ်ဆောင့်တွန်းပါတယ်။ ဒီဆိုင်က မဟုတ်ဘူးလို့ ပြောတော့လည်း မရတော့ဘဲ စတင်ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်ပြီး ဒဏ်ရာရခဲ့တဲ့ ကိုသိန်းမင်းထိုက်က “အဲဒီအဖွဲ့ထဲမှာပါတဲ့ ဆံပင်ရှည်ရှည်နဲ့လူက အရိုးအသွား ၈ လက်မလောက်ရှိတဲ့ စကေဘာနဲ့ ကိုမြတ်သူကို ထိုးပါတယ်။ ကျန်တဲ့လူတွေကလည်း ကျနော်တို့ကို ဝိုင်းဝန်းထိုးကြိတ်ပါတယ်။ အဲဒီလို ထိုးကြိတ်မှုကြောင့် ကိုမြတ်သူနဲ့ ကိုကာစင်တို့ရဲ့ ရင်ဘတ်တွေ၊ ရင်ညွန့်အောက်တွေ အထိုးခံထားရပြီး ကျနော်ကတော့ ထွက်ပြေးပေမယ့် လိုက်လံထိုးကြိတ်တဲ့အတွက် နောက်ကျောမှာ ထိုးသွင်းဒဏ်ရာရထားတယ်” လို့ ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ကြောင်း ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

စကေဘာနဲ့ အထိုးခံရမှုကြောင့် ကိုမြတ်သူနဲ့ ကိုကာစင်တို့ နှစ်ဦး သေဆုံးသွားပြီး ကိုသိန်းမင်းထိုက်ကတော့ ပဲခူးပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေပါတယ်။

တရားခံတွေဖြစ်တဲ့ ကိုပြည့်စုံဝင်း၊ ကိုမင်းသူအောင်၊ ဖြိုးဦး (ခ) ပူတူး နဲ့ ကျော်ကြီး(ခ) ကျော်ထက်လင်းတို့ ၄ ဦးကို အမှတ်-၃ နယ်မြေရဲစခန်းက ဥပဒေပုဒ်မ ၃၀၂/၃၂၄/၁၁၄ အရ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း - အောင်စိုးမိုး(ပဲခူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013