DVB Logo
Home
မြန်မာသတင်း
ကောက်စိုက်သမများ စီးနင်းလာသည့်ကား တိမ်းမှောက်၊ ၁ ဦးသေ ၁၆ ဦး ဒဏ်ရာရ
DVB
·
August 14, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မိတ္ထီလာ-မြင်းခြံလမ်း မိုင်တိုင် ၄/၀ နဲ့ ၁ ကြားမှာ သြဂုတ် ၁၃  ရက် မနက် ၉ နာရီမှာ ကောက်စိုက်မယ့်မိန်းခလေးတွေ တင်လာတဲ့ကား တိမ်းမှောက်ရာ ၁ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရသွားတယ်လို့ အမှတ် ၁ မြို့မရဲစခန်းက ပြောပါတယ်။

သာစည်မြို့နယ် ကုက္ကိုပင်စုရွာက ပုသိမ်ကြီးမြို့နယ် မြို့သာကုန်းရွာဘက် ကောက်စိုက် သွားမယ့် မိန်းကလေး ၁၃ ဦး ယောကျာ်းလေး ၂ ဦး ပေါင်း ၁၅ ဦး ဖြစ်ပါတယ်။ လားရာတူ စက်ဘီးစီးလာသူကို ကျော်တက်လိုက်ရာမှာ ပွတ်တိုက်မိပြီး အရှိန်မထိန်းနိုင်ပဲ NISSAN ATLAS ကား တိမ်းမှောက်ခဲ့ပါတယ်။ စက်ဘီးစီးလာသူ သေဆုံးပြီး ယာဉ်မောင်းသူပါ ၁၆ဦး ဒဏ်ရာရသွားခဲ့တာပါ။

ဒုရဲအုပ်အောင်သူဟိန်းက “ကားပေါ်ပါလာသူ အကုန်လုံး ပွန်းပဲ့ပေါက်ပြဲ ဖူးယောင် ဒဏ်ရာတွေ ရကြတယ်။ မစိုးရိမ်ရပါဘူး။ ပုသိမ်ကြီးမြို့နယ် မြို့သာကုန်းရွာနေ ယာဉ်မောင်း ကိုဇော်တိုးလည်း ဒဏ်ရာရတယ်။ မိတ္ထီလာမြို့နယ် အင်းပလက်ရွာနေ စက်ဘီးစီးလာတဲ့ ဦးထွန်းပွင့်ကတော့ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးတယ်။ ဒဏ်ရာရသူတွေကို မိတ္ထီလာဆေးရုံ ပို့ပေးရတယ်”လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းမှာ ယာဉ်မောင်း ကိုဇော်တိုးကို အမှုအမှတ် ယာဉ်(ပ)၄၇/၂၀၁၇ နဲ့ ယာဉ်မဆင်မခြင် အန္တရာယ်ဖြစ်စေမှု၊ သာမန်ဒဏ်ရာရစေမှု၊ ပြင်းထန်ဒဏ်ရာရစေမှု၊ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃၀၄(က) တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013