DVB Logo
Home
မေးမြန်းခန်း
သံတိုင်ကြား​က ပန်း​ချီကား​များ​ ပြပွဲ​ (အင်တာဗျူး​)
DVB
·
March 9, 2012
သံတိုင်ကြား​က ပန်း​ချီကား​များ​ ပြပွဲ​ (အင်တာဗျူး​)
1 / 3
Donate to DVB

နိုင်ငံ​ရေး​အကျဉ်း​သား​တွေရဲ့​ ​ထောင်တွင်း​ဘဝ ဖြတ်သန်း​မှုကို တင်ပြဖို့​ ရည်ရွယ်တဲ့​ အ​နေနဲ့​ သံတိုင်ကြား​က ပန်း​ချီကား​များ​ အမည်ရှိတဲ့​ ပန်း​ချီ ပြပွဲ တရပ်ကို နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​များ​ အဖွဲ့​က ရန်ကုန်မြို့​ ပန်း​ဆိုး​တန်း​လမ်း​က စာ​ပေ​လောက ဆိုင်ခွဲ ၂ မှာ မတ် ၉ ရက်က စပြီး​ ကျင်းပ ပြုလုပ်​နေပါတယ်။

[caption id="attachment_22396" align="alignright" width="300" caption="ပြပွဲတွင် ပြသထားသည့် ပန်ချီကား​"][/caption]

ပန်း​ချီပြပွဲက ထူး​ခြား​ချက် တချို့​အ​ကြောင်း​ကို ပြပွဲ စီစဉ်သူ တဦး​ဖြစ်တဲ့​ ပန်း​ချီထွန်း​ဝင်း​ငြိမ်း​က ​ပြောပြပါတယ်။

ပြပွဲမှာ ပြသမယ့်​ ပန်း​ချီကား​ပေါင်း​ ၁၁ဝ ​ကျော်က အများ​အား​ဖြင့်​ အကျဉ်း​ထောင်အသီး​သီး​မှာ ​ထောင်ကျစဉ်ဆွဲခဲ့​တဲ့​ ပန်း​ချီကား​တွေချည်း​လား​။

"ပန်း​ချီကား​တွေရဲ့​ ၃ ပုံ ၂ ပုံ​လောက်က အကျဉ်း​ထောင်မှာ ဆွဲခဲ့​တာပါ။ ကျန်တဲ့​ ပန်း​ချီကား​တွေက အကျဉ်း​ထောင်ခံစား​မှု​ပေါ့​။ ကိုယ်ဖြတ်သန်း​ခဲ့​စဉ်က ခံစား​မှုကို အပြင်​ရောက်မှ ပြန်ဆွဲတဲ့​ ကား​တွေပါ ပါတယ်။ ဥပမာ - ကျ​နော် ဆိုရင် ၁ဝနှစ်ခွဲ​လောက် ​နေခဲ့​တယ်။ အတွင်း​ထဲမှာ ​ရေး​ခဲ့​တဲ့​ ပန်း​ချီကား​တွေက ပျက်စီး​သွား​ပြီ။ ဒါ​ပေမယ့်​ ကျ​နော် မှတ်မိတာ​တွေ ရှိတယ်။ ဒီလို မြင်ကွင်း​တွေ sketch ပုံကြမ်း​တွေကို ပြန်​ရေး​ပါတယ်။ ကျ​နော် ​တောင်ငူအကျဉ်း​ထောင်မှာ ဖြတ် သန်း​ခဲ့​ရ​တော့​ ​တောင်ငူ ၁၊​ ၂၊​ ၃၊​ ၄ ၊​ ၅၊​ ၆ ဆိုပြီး​ ပန်း​ချီကား​လေး​တွေ ပြသဖြစ်ပါတယ်။ များ​သောအား​ဖြင့်​ ကိုမင်း​ကိုနိုင်၊​ ကိုဂျင်မီ၊​ ကိုပြုံး​ချို၊​ ကို​ဌေး​ ကြွယ် တို့​ အပါအဝင်၊​ မျိုး​ဆက်အသီး​သီး​၊​ ကို​ကျော်ကိုကို တို့​လည်း​ ပါမယ်။ ကို​ဇော်လူသိန်း​၊​ ကိုစန်း​ဇော်​ထွေး​တို့​ ၉၆တုန်း​က လူ​တွေပါတယ်။ အဲ့​လိုလူ​တွေ ကလည်း​ ​ထောင်တွင်း​မှာ ဖန်တီး​ဖြစ်ခဲ့​ကြတဲ့​ အနုပညာလက်ရာ ​တွေ ပါမယ်။"

များ​သောအား​ဖြင့်​ မျိုး​ဆက်အဆင့်​ဆင့်​ ​ကျောင်း​သား​တွေရဲ့​ ပန်း​ချီကား​ လက်ရာ​တွေလို့​ ​ပြောလို့​ ရမလား​။

"ဟုတ်ပါတယ်။ မျိုး​ဆက်အသီး​သီး​ရဲ့​ ​ကျောင်း​သား​တွေပါ။ ၇၅ တုန်း​က ဖြတ်ခဲ့​တဲ့​ ကိုစံမင်း​တို့​လို ​ကျောင်း​သား​ဟောင်း​တွေလည်း​ ပါတာ​ပေါ့​။ သူတို့​ဆို အပြင်မှာလည်း​ ဆရာ ဘဝနဲ့​ ရပ်တည်​နေတယ်။ အခု​နောက်ဆုံး​ ၂၀၀၇ ဗကသ ကို​ကျော်ကိုကိုတို့​ရဲ့​ လက်ရာ​တွေလည်း​ ပါတယ်။"

အခု ပြပွဲမှာ ပြသမယ့်​ ပန်း​ချီကား​တွေက သူတို့​ ​ထောင်ထဲမှာဆွဲတဲ့​ မူရင်း​လက်ရာအတိုင်း​ ပြမှာလား။

"ဟုတ်ကဲ့​။ မူရင်း​လက်ရာအတိုင်း​ ပြမှာပါ။"

ဘယ်လိုပုံစံမျိုး​ ဖြစ်မလဲ။ ဥပမာ သူတို့​ ​ထောင်ထဲမှာ ရတဲ့​ ပစ္စည်း​တွေနဲ့​ ဆွဲတဲ့​ ပန်းချီကားတွေ ပြမှာလား​။

"ဟုတ်ကဲ့​ ရတဲ့​ ပစ္စည်း​တွေ ဆိုတာလည်း​ ​ထောင် အ​နေအထား​ပေါ် မူတည်ပြီး​တော့​ တချို့​ ​ထောင်လည်း​ ​ဆေး​သွင်း​လို့​ရမယ်။ တချို့​လည်း​ စာအုပ် သွင်း​လို့​ ရမယ်။ တချို့​လည်း​ စာအုပ်​တောင် အဆင်မ​ပြေဘူး​။ ဥပမာ - ကိုလှိုင်ဝင်း​ဆွေ ဆိုရင် ၉၆ထဲက ထင်ပါတယ်။ သူ​နေတဲ့​ ​ထောင်ဆိုရင် ဗလာ စာအုပ်​တောင် သွင်း​ဖို့​ အဆင်မ​ပြေဘူး​။ မဂ္ဂဇင်း​တော့​ သွင်း​လို့​ရတယ်။ အဲ့​တော့​ ပုံနှိပ်ပြီး​သား​ မဂ္ဂဇင်း​ပေါ်မှာပဲ ​ဘောပင်(သို့​) ခဲတံနဲ့​ပေါ့​ ခြစ်ပြီး​ လွတ်တဲ့​ ​နေရာ​တွေမှာ လိုက်​ရေး​ထား​တယ်။ လွတ်တဲ့​ ​နေရာ​လေး​တွေမှာ လိုက်​ရေး​ ​တော့​ သူဟာ သီး​ခြား​ ပန်း​ချီ​ရေး​နေသလို မဟုတ်ဘဲနဲ့​ မဂ္ဂဇင်း​ပေါ်မှာပဲ သရုပ် ​ဖော်ပုံ ​ရေး​သလို ​ရေး​တာ​ပေါ့​။ ဒါကို အာဏာပိုင်ကလည်း​ သတိမထား​မိ ​တော့​ ဘူး​ပေါ့​။ သီး​ခြား​ စာအုပ်နဲ့​ ပန်း​ချီ​ရေး​ဖို့​ အဆင်မ​ပြေဘူး​လို့​ ​ပြောတယ်။ သူ​နေ တဲ့​ ​ထောင်အရ​ပေါ့​။

ဒါမျိုး​ ပန်း​ချီကား​တွေ ပါသလို အဝတ်​ပေါ်မှာ ​ကောက်​ကြောင်း​ ဆွဲပြီး​ ​တော့​မှ ချည်ထိုး​တဲ့​ ပန်း​ချီကား​တွေပါတယ်။ အဝတ်​ပေါ်မှာ ​ဘောပင်နဲ့​ ​ရေး​ တယ်။ ရရာ ​ဆေး​မင်​တွေ တို့​ပြီး​တော့​ ခြစ်ပြီး​ ​ရေး​ရတဲ့​ မူရင်း​ ပန်း​ချီကား​တွေ လည်း​ ပါတယ်။ မြင်ကွင်း​တွေက​တော့​ ​ထောင် မြင်ကွင်း​တွေလည်း​ ဖြစ်ရင် ဖြစ်မယ်။ တင်း​ကျပ်တဲ့​ ​နေရာမှာ လွတ်လပ်မှုကို ​မျှော်လင့်​မိလို့​ ရှုခင်း​ကား​ ​တွေလည်း​ ဖြစ်ချင် ဖြစ်မယ်။ ဒီလို မြင်ကွင်း​တွေနဲ့​ ရရာ ပစ္စည်း​တွေ သုံး​ပြီး​ ဆွဲထား​တဲ့​ ပန်း​ချီကား​တွေကို မူရင်း​အတိုင်း​ ပြန်ပြမှာပါ။"

ကျ​နော်တို့​ အကျဉ်း​ထောင်​တွေကို ဖြတ်သန်း​ခဲ့​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ​တွေရဲ့​ လက်ရာဆို​တော့​ လာကြည့်​မယ့်​ ပရိသတ်​တွေ အ​နေနဲ့​က ဘယ်လို ရသ အသစ်​တွေ ခံစား​ရရှိ သွား​နိုင်ပါလဲ။

"ပန်း​ချီပြပွဲ အသီး​သီး​မှာ ​တွေ့​ရခဲတဲ့​ လက်ရာမျိုး​တွေ​ပေါ့​။ ဥပမာ - အကျဉ်း​ထောင် မြင်ကွင်း​ဆိုတာဟာ ကျန်တဲ့​ ​နေရာ​တွေမှာ ​တွေ့​ရ​လေ့​ မရှိပါဘူး​။ ​နောက်တခုက အရင်​ခေတ်တုန်း​က အကျဉ်း​ထောင် မြင်ကွင်း​ကို ​ရေး​တဲ့​အခါမှာ အုတ်ရိုး​နဲ့​ ​ထောင်ဝါဒါ​စောင့်​တဲ့​ ကင်း​မျှော်စင်မျိုး​လောက် ပုံမှန်​တွေ့​ဖူး​တာ​ပေါ့​။ ဒါ​ပေမယ့်​ အခု​ရေး​တဲ့​ ကား​တွေမှာ ပုံစံဆန်း​တာပါမယ်။ ကိုယ့်​တိုက်ခန်း​ထဲမှာ ပြက္ခဒိန် မရှိလို့​ ​ထောင်ဝင်စာ လာ​တွေ့​တဲ့​ ရက်ကို တာလီမှတ်သလို တုတ်​ချောင်း​လေး​တွေ ခြစ်ပြီး​ မှတ်​နေတဲ့​ မြင်ကွင်း​မျိုး​တွေ ​တွေ့​ရမယ်။ ဒါ​တွေဟာ အခုလို ထိုက်သင့်​သ​လောက် ပွင့်​လင်း​လာတဲ့​ အချိန်မှာ ​ဖော်ပြခွင့်​ ရတဲ့​အတွက် အရင်မ​တွေ့​ဖူး​တဲ့​ မြင်ကွင်း​တွေမျိုး​ ဖြစ်မယ်လို့​ ယူဆပါတယ်။

“ပရိသတ်ဟာ ဒါ​တွေကို ကြည့်​ခြင်း​အား​ဖြင့်​ အနိမ့်​ဆုံး​အား​ဖြင့်​ လူသား​ဆန်တဲ့​ ခံစား​မှု​လေ​ပေါ့​။ လူသား​ဆန်တဲ့​ အနုပညာလို့​ ကျ​နော် ​ပြောချင် ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်​ပေါ့​။ အကျဉ်း​အကျပ်ထဲမှာ ဖြတ်သန်း​နေရသူ​တွေရဲ့​ ​နေထိုင်မှု ဘဝကို ကြည့်​ခြင်း​အား​ဖြင့်​ သူတို့​ဟာ နိုင်ငံ​ရေး​ဘဝကို ဖြတ်သန်း​ ​နေကြတယ်။ ကိုယ်ကျိုး​စွန့်​နေကြတဲ့​ သူ​တွေဖြစ်တယ်။

“ဒီလို ဆင်း​ဆင်း​ရဲရဲနဲ့​ အ​နေအထိုင် ဆင်း​ရဲစွာနဲ့​ ဖြတ်သန်း​ရတဲ့​ မြင်ကွင်း​ မျိုး​ပါ။ ဖိနှိပ်မှု​တွေကို သူတို့​ရဲ့​ အနုပညာစိတ်နဲ့​ ရပ်တည်ပြီး​ ​နေခဲ့​ကြတယ် ဆိုတဲ့​ တစုံတရာ စာနာစိတ်​ပေါ့​။ ဒီအ​ပေါ်မှာ လူသား​ဆန်တဲ့​ စာနာမှု​တွေလည်း​ ပိုပြီး​ရလာနိုင်တယ်လို့​ ကျ​နော် ​မျှော်လင့်​ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013