DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကျန်းမာရေးအခြေအနေဆိုးရွား၊ သမ္မတ ကြည့်ရှု
DVB
·
August 13, 2017
အန်အယ်လ်ဒီဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကျန်းမာရေးအခြေအနေဆိုးရွား၊ သမ္မတ ကြည့်ရှု
Donate to DVB

အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး တက်ရောက်ကုသနေတဲ့ ဝိတိုရိယဆေးရုံကို နိုင်ငံတော် သမ္မတနဲ့ ဇနီးက ဒီနေ့ လာရောက်ကြည့်ရှု ဂါရဝပြုခဲ့ပါတယ်။

အတူလိုက်ပါခဲ့တဲ့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က “ကျန်းမာရေးကတော့ ဆေးအရှိန်ပဲ ရှိတော့တာလေ။ ကျောက်ကပ်ကလည်း လုံးဝ အလုပ်မလုပ်တော့ဘူး။ နှလုံးကလည်း အလုပ်မလုပ်တော့ဘူး။ အဆုတ်မှာလည်း ရေတွေက ရှိတယ်ပေါ့လေ။ အသက်ရှူက်တပ်ပြီး အောက်ဆီဂျင်ပေးထားတယ်။ ဆီးလုံးဝ မထွက်တော့လို့ ဆီးပိုက်တပ်ထားရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆေးရုံတက်ရောက်ကုသနေတာ ၃ ရက်ရှိနေပြီဖြစ်ပြီး ဒီမတိုင်ခင် ၁၀ ရက်လောက် ကတည်းက ကျန်းမာရေး ဆိုးရွားနေတာလို့ သိရပါတယ်။

မနေ့ကလည်း ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့လည်း လာရောက် ဂါရဝ ပြုခဲ့ကြပါသေးတယ်။

တပ်မတော် ဗိုလ်မှူးချုပ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဦးအောင်ရွှေဟာ အန်အယ်လ်ဒီပါတီ စတင်ဖွဲ့စည်းကတည်းက ဗဟိုအလုပ်အမှုဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် အမှတ် ၁ က ရွေးကောက်ခံအမတ်ဖြစ်သလို လက်ရှိမှာ အသက် ၉၉ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013