DVB Logo
Home
မြန်မာသတင်း
တပ်မတော်နဲ့အစိုးရ၊ အသုံးချတာနဲ့ အသုံးချခံတာ ဒါကတော့ရှိနေမှာပဲ - ဗိုလ်မှူးကြီး အောင်မြင့်ဦး
DVB
·
August 13, 2017
တပ်မတော်နဲ့အစိုးရ၊ အသုံးချတာနဲ့ အသုံးချခံတာ ဒါကတော့ရှိနေမှာပဲ - ဗိုလ်မှူးကြီး အောင်မြင့်ဦး
Donate to DVB

နိုင်ငံရေးမှာ တပ်မတော်ပါနေတာာ လုံခြုံရေးပြဿနာတွေအတွက် အစိုးရကို ကူညီဖြေရှင်းနေတာဖြစ်ကြောင်း နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က ဗိုလ်မှူးကြီးအောင်မြင့်ဦးက ပြောပါတယ်။

သြဂုတ် ၁၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်နေတဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို ဘယ်အချိန်မှာ ဘယ်လို ဆုတ်ဖို့ အစီအစဉ်တွေရှိလဲလို့ မီဒီယာတွေရဲ့ မေးမြန်းတာကို ဖြေကြားခဲ့တာပါ။

“ပထမဦးဆုံး တပ်မတော်ပါတယ် ဆိုတာကိုက လုံခြုံရေးပြဿနာတွေကို အစိုးရကို ကူညီပြီးတော့ ဖြေရှင်းပေးတာ၊ အစိုးရက Instrument တစ်ခုပဲလေ။ အစိုးရက ဒီနိုင်ငံကြီးတစ်ခုလုံး စည်းနဲ့ ကမ်းနဲ့ အသားကျသွားအောင်၊ Institutionalize ဖြစ်အောင်ဘယ်လောက်ထိ ကိုင်တွယ်နိုင်လဲ၊ ဖြေရှင်းနိုင်လဲ။ အဲလို ဖြေရှင်းနိုင်တဲ့အခါမှာလည်း ကိုယ်တိုင်မဖြေရှင်းနိုင်ရင် တပ်မတော်ကို အသုံးချနေရဦးမှာပဲ။ အဲလို ပြဿနာတွေ အမြဲတမ်းရှိနေသရွေ့ကတော့ တပ်မတော်နဲ့ အစိုးရနဲ့၊ အသုံးချရတာနဲ့ အသုံးချခံတာ ဘယ်လိုပဲပြောပြော ဒါကတော့ရှိနေမှာပဲ” လို့ ပြောပါတယ်။

တခြားနိုင်ငံတွေမှာလည်း ဒီလို ဖြစ်ရပ်တွေရှိနေပြီး အမေရိကန်နိုင်ငံဆိုရင် စစ်အင်အား၊ နည်းပညာနဲ့  ဓနအင်အားတွေကို အခြေခံပြီး ကမ္ဘာ့အစီအစဉ်တွေကို ဦးဆောင်နေတာလို့လည်း သူက ဆက်ပြောပါတယ်။

“အမေရိကန်ဆို သူ့နိုင်ငံကို လာခြိမ်းခြောက်တာတောင်မရှိဘူး။ ဒါပေမယ့် သူက ကမ္ဘာလုံးဆိုင်ရာ အင်အားကြီးနိုင်ငံဖြစ်တဲ့အတွက် သူ့အကျိုးစီးပွားတွေက သူ့နိုင်ငံရဲ့ ပြင်ပဖြစ်တဲ့ အရှေ့အလယ်ပိုင်းတို့ တကမ္ဘာ့လုံးမှာရှိတယ်။ ဒါ ကြောင့် အဲအပြင်ကို ထွက်ပြီးလုပ်ရတာ။ အဲနေရာမှာလည်း စစ်အင်အားကို အခြေခံရတာပဲ။ စစ်အင်အားမရှိဘဲ နဲ့ သူ့ရဲ့ အင်အားကို တည်ဆောက်လို့ ရမှာမဟုတ်ဘူး။ ဒါကြောင့် ကမ္ဘာ့အစီအစဉ်မှာ ဦးဆောင်တဲ့နိုင်ငံဆိုတဲ့ အနေထားကို ရောက်ဖို့ဆိုတာတော့ စစ်အင်အားတွေ ပါတယ်။ နည်းပညာတွေ ပါတယ်၊ ဓနအင်အားတွေ ပါတယ်။ အမျိုးမျိုးပေါ့။ ကျွန်တော်တို့ လုပ်ဖို့ဆိုတာတော့ အများကြီး လိုပါသေးတယ်။”

ဒီဆွေးနွေးပွဲကို သြဂုတ် ၁၁ ကနေ ၁၃ ထိ ကျင်းပနေတာဖြစ်ပြီး ဆွေးနွေးပွဲပထမနေ့က တပ်မတော်အုပ်ချုပ်ရေးစနစ်မှ အရပ်သားအုပ်ချုပ်ရေးစနစ်ကို နိုင်ငံရေးအကူးအပြောင်း ကဏ္ဍဆွေးနွေးတာမှာလည်း စစ်ဘက်-အရက်ဘက် ဆက်ဆံရေးဟာ အကူးအပြောင်းကာလမှာ အရေးကြီးသလို မြန်မာနိုင်ငံဟာ အကူးအပြောင်းကို ထိခိုက်မှုအနည်းဆုံးနဲ့ ညင်သာစွာကူးပြောင်းနိုင်ခဲ့တယ်လို့ ဗိုလ်မှုးကြီး အောင်မြင့်ဦးက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးကနေ စစ်တပ်ကို ဖယ်ထုတ်ဖို့ဆိုတာ လက်တွေ့ဖြစ်ရပ်တွေအရ မဖြစ်နိုင့်လည်း ပြောပါတယ်။

နေဖြိုးဝင်း၊ ရိုက်ကူး - အောင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013