DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး မြိတ်မြို့တွင် သုံးပွင့်ဆိုင်ဆွေးနွေး
DVB
·
August 13, 2017
အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး မြိတ်မြို့တွင်  သုံးပွင့်ဆိုင်ဆွေးနွေး
Donate to DVB

အနိမ့်ဆုံးအခကြေးငွေသတ်မှတ်နိုင်ဖို့ မြိတ်မြို့မှာ  သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို သြဂုတ်လ ၁၂ ရက်က ပုလဲရတနာခန်းမမှာ ကျင်းပခဲ့ပါတယ်။

အလုပ်ရှင်၊ အလုပ်သမားနဲ့ ဌာနဆိုင်ရာတွေ ပါဝင်တဲ့ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ  အနည်းဆုံးလုပ်အားခရရှိဖို့ ဆွေးနွေးတင်ပြခဲ့ပြီး အများစုက အနိမ့်ဆုံးအခကြေး ငွေ ကျပ် ၅၀၀၀ ကနေ ၅၂၀၀ သတ်မှတ် ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

အနိမ့်ဆုံးအခကြေးငွေသတ်မှတ်ရေးကော်မတီ တနင်္သာရီတိုင်းဒေသကြီး အတွင်းရေးမှူး ဦးဟန်ဝင်းအောင်က “ကျနော်တို့ ဒီတွေ့ဆုံဆွေးနွေးမှုက တင်ပြလာတဲ့ အချက်တွေကို အမျိုးသားအဆင့်အစည်းအဝေးမှာ ထပ်မံတင်ပြပါ့မယ်။ အခုလုပ်တဲ့ ဆွေးနွေးပွဲက ဒုတိယ အဆင့်ပေါ့။ အားလုံးအဆင့် ၅ ဆင့်လောက်ဆောင်ရွက်ပြီးရင် အများဆန္ဒနဲ့အညီ အခကြေးငွေတခုကိုသတ်မှတ်နိုင်မှာပါ” လို့ ပြောပါတယ်။

လက်ရှိသတ်မှတ်ထားတဲ့ အနိမ့်ဆုံးအခ ကြေးငွေ ဖြစ်တဲ့ ကျပ် ၃၆၀၀ အစား ကျပ် ၅၀၀၀ မှ ၅၂၀၀ အထိ တိုးမြှင့်သတ်မှတ်ပေးဖို့ မြိတ်ခရိုင်အတွင်းမှ လုပ်ငန်းရှင်နဲ့အလုပ်သမားတွေက အဆိုပြုခဲ့ပြီး ရေလုပ်ငန်းရှင်တွေကတော့ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ပေးဖို့ ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒီတင်ပြချက်အပေါ် ဦးဟန်ဝင်းအောင်က “တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာပဲ မတူတာတွေရှိပါတယ်။ ကော့သောင်းမှာဆိုရင် အနိမ့်ဆုံးလုပ်ခ ကျပ် ၇၂၀၀ ပေးဖို့ အဆိုပြုတယ်၊ မြိတ်မှာကတော့ ကျပ် ၅၀၀၀ ကနေ ၅၂၀၀ သတ်မှတ်ပေးဖို့ တင်ပြကြတယ်၊ တစ်နိုင်ငံလုံးအနေနဲ့လည်းမတူနိုင်ပါဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်ကွဲသွားနိုင်ပါတယ်။ နောက်ပြီး လုပ်ငန်းအမျိုးအစားလိုက်လည်း ကွဲသွားနိုင်ပါတယ်၊ ဒါပေမယ့် အများဆန္ဒနဲ့အညီဖြစ်ရပါမယ်” လို့ ပြောပါတယ်။

လက်ရှိတင်ပြဆွေးနွေးမှုတွေကို စက်တင်ဘာနောက်ဆုံးအပတ် အမျိုးသားအဆင့်အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်မှာ အတည်ပြုနိုင်ဖို့ ဆောင်ရွက်မယ်လု့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013