DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ ၄ သောင်းခန့် ပြန်ပို့ရေး မြန်မာ၊ဘင်္ဂလားဒေ့ရှ်တို့နှင့် အိန္ဒိယ ဆွေးနွေး
DVB
·
August 13, 2017
ရိုဟင်ဂျာ ၄ သောင်းခန့် ပြန်ပို့ရေး မြန်မာ၊ဘင်္ဂလားဒေ့ရှ်တို့နှင့် အိန္ဒိယ ဆွေးနွေး
Donate to DVB

အိန္ဒိယနိုင်ငံထဲ တရားမ၀င်နေထိုင်တဲ့ ရိုဟင်ဂျာ ၄ သောင်းလောက်ကို ပြည်နှင်ဒဏ်ပေးတော့မယ်လို့ စီစဉ်ထားကြောင်း အိန္ဒိယအစိုးရက မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့ ဆွေးနွေးနေပါတယ်။

ဒီစီမံကိန်းအတွက် ပြည်နယ်အစိုးရတွေက အလုပ်အဖွဲ့တွေ ဖွဲ့စည်းဖို့ ဗဟိုအစိုးရက ညွှန်ကြားထားပြီး ဖြစ်တယ်လို့ အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၁၁ ရက်နေ့က ပြောပါတယ်။

တရားဝင် စာရင်းဇယားတွေအရ  အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ၁ သောင်း ၄ ထောင်လောက်ကပဲ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီမှာ စာရင်းသွင်းထားပါတယ်။ ကျန်နေသေးတဲ့ ၂ သောင်း ၆ ထောင်လောက်က တရားမ၀င် နေထိုင်သူတွေဖြစ်ပြီး သူတို့ကိုတော့ ပြန်ပို့ဖို့ ဥပဒေအရ တာဝန်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ကုလသဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတာ မရှိသလို ဒါကို ဘယ်အမျိုးသားဥပဒေကမှ မကာကွယ်ထားပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ အစိုးရ ၂ ရပ်နဲ့ သံတမန်အဆင့်မှာ ဆွေးနွေးနေပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂိုလ်  ကေ အက်စ် ဒါတွာလီယာ က ပြောပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာတွေကို ပြည်နှင်ဒဏ်ပေး၊ နှင်ထုတ်တာတွေဟာ သင့်တော်မှန်ကန်တာတော့ မဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ရိုဟင်ဂျာတွေဟာ ဂျမူး၊ ဥတာပရာဒက်ရှ်၊ ဟာရ်ယာနာနဲ့ ဒေလီရဲ့ တချို့နေရာတွေမှာ၊ ဟိုက်ဒရာဘတ်နဲ့ ရာဂျာစ်သန် ပြည်နယ်တွေမှာ အဓိက နေထိုင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013