DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စု ၁၁ ခုကို ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
August 12, 2017
ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စု ၁၁ ခုကို ညမထွက်ရအမိန့် ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စု ၁၁ အုပ်စုကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို သြဂုတ် ၁၁ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တဲ့ ကျေးရွာတွေကတော့ ဖက်လိပ်ကျေးရွာအုပ်စု၊ သိမ်းတောင်ကျေးရွာအုပ်စု၊ ချွတ်ပြင်ကျေးရွာအုပ်စု၊ အောက်နန်းရာကျေးရွာအုပ်စု၊ အထက်နန်းရာကျေးရွာ အုပ်စု၊ စေတီပြင်ကျေးရွာ အုပ်စု၊ အောက်ကျောင်းတောင်ကျေးရွာအုပ်စု၊ ပေါက်ပင်ရင်းကျေးရွာအုပ်စု၊ ခွဆုံကျေးရွာအုပ်စု၊ ပန်းဖော်ပြင် ကျေးရွာအုပ်စု၊ ကိုးတန်ကောက်ကျေးရွာအုပ်စုတွေ ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက “မနေ့က ညနေ ၈ နာရီလောက်ကထုတ်ပြန်တာပါ။ ကျေးရွာ အုပ်စု ၁၁ ရွာ အတွက် ထုတ်ပြန်တာပါ။ အများပြည်သူ သွားလာတဲ့ လမ်းတွေနေရာတွေ၊ ပန်းခြံ၊ အဆောက်အဦတွေ၊ ဥယျာဉ်၊ ပလီ၊ ဘုရားကျောင်းတွေတွေမှာ ၅ ဦး ထက်ပိုပြီးမစုဝေးရဘူး။ ညမထွက်ရအမိန့်ကတော့ ည ၉ နာရီကနေပြီး မနက် ၅ နာရီအချိန်ထိပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာ တပ်မတော်စစ်ကြောင်းအပါအဝင် နယ်ခြား စောင့် တပ်တွေက လုံခြုံရေးအပြည့်နဲ့ ဆောင်ရွက်နေတယ်လို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောပါတယ်။

အခုလို ညမထွက်ရအမိန့် ထုတ်ပြန်ရတာဟာ    အောက်နန်းကျေးရွာအုပ်စု၊ အောက်နန်းရာကျေးရွာမျာ သြဂုတ် ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စေတီပြင် နယ်ခြားစောင့်တပ်ဖွဲ့မှ ကျေးရွာအတွင်း တရားခံ ၀င်ရောက်ဖမ်းဆီးစဉ် ဖမ်းဆီးတရားခံ (၆) ဦးအား အင်အား (၆၀၀) ကျော်လောက်နဲ့ ၀င်ရောက် လုယက်တာ၊ လုံခြုံရေးအဖွဲ့ဝင်တွေကို တုတ်၊ ဓား၊ လှံ၊ ဂျက်ဂလိတွေ ကိုင်ဆောင် ပစ်ခတ်တာကြောင့် တရားခံ ၆ ဦးအနက် ၂ ဦး ပြန်လည်လွတ်မြောက်သွားခဲ့ပြီး နယ်မြေ မတည်မငြိမ်ဖြစ်ခဲ့ရတာကြောင့်လို့ ထုတ်ပြန်ချက်မှာ ဖ်ာပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ ၆၀၀ ကျော်ကို သြဂုတ် ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ တို့မှာ အာဏာပိုင်တွေက နေရပ်အသီးသီးကို လုံခြုံရေးအစီအမံနဲ့ လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေဟာ    စေတီပြင်ကျေးရွာ ကယ်ဆယ်ရေးစခန်းနဲ့ ခွဆုံကျေးရွာ ကယ်ဆယ်ရေးစခန်းတွေမှာ ယာယီခိုလှုံနေထိုင်ခဲ့ကြပါတယ်။ အကြမ်းဖက်ခံရမှုတွေကြောင့် ရခိုင်တိုင်းရင်းသားမြိုမျိုးနွယ်စုဝင် ၇ ဦးသေဆုံးခဲ့ရပြီး လက်ရှိအချိန်အထိ ပျောက်ဆုံးနေတဲ့တဦးကို ရှာမတွေ့သေးပါဘူး။

သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013