DVB Logo
Home
မြန်မာသတင်း
အုတ်တွင်းမြို့အနီး ယာဉ်တိုက်မှုဖြစ်၊ အမျိုးသား ၂ ဦး သေဆုံး
DVB
·
August 12, 2017
အုတ်တွင်းမြို့အနီး ယာဉ်တိုက်မှုဖြစ်၊ အမျိုးသား ၂ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့ အနီး ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း မိုင်တိုင်အမှတ် (၁၇၀/၀ နဲ့ ၁၇၀/၁) အကြားမှာ ဒီနေ့မနက် ၆ နာရီလောက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ အုတ်တွင်းမြို့မ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။

တောင်ငူမြို့ကနေ အုတ်တွင်းကို ယာဉ်မောင်း အေးလွင် မောင်းနှင်လာတဲ့ ၆ ဘီးတပ် မှန်လုံယာဉ်နောက်ပိုင်း တိုးဇော် မောင်းနှင်တဲ့ ဆိုင်ကယ်က ဝင်တိုက်ပြီးနောက် တဖက်ယာဉ်ကြောက မောင်းနှင်လာတဲ့ ယာဉ်တစီးနဲ့ ထပ်တိုက်မိခဲ့တာပါ။

“၆ ဘီးမှန်လုံအသေးလေးတွေလေ၊ အဲဒီကားက တောင်ငူဘက်ကလာတာ၊ ယာဉ်တိုက်မှုဖြစ်တဲ့နေရာရောက်တော့ ကားဆီဖြည့်ဖို့ လမ်းတဖက်က ဆီဆိုင်ဘက်ကို ကွေ့လိုက်တယ်၊ အဲဒီမှာအုတ်တွင်းဘက်ကလာတဲ့ ဆိုင်ကယ်က အဲဒီကားရဲနောက်ပိုင်းကို ဝင်တိုက်မိပြီး တဖက်ယာဉ်ကြောကို ရောက်သွာတယ်၊ အဲဒီအချိန်မှာ စောစောက မှန်လုံကားနောက်ကလိုက်ပြီး မောင်းလာတဲ့ ကားတစ်စီးနဲ့ ဆက်ပြီးတိုက်မိတာပေါ့၊ ဆိုင်ကယ်က အမျိုးသားနှစ်ယောက်လုံး နေရာမှာတင်ဆုံးပါတယ်” လို့ အုတ်တွင်းမြို့မ ရဲတပ်ဖွဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း တိုးဇော်နဲ့ နောက်က ထိုင်လိုက်လာတဲ့ သူတို့မှာ ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အုတ်တွင်း မြို့မရဲတပ်ဖွဲ့စခန်းက ယာဉ်မဆင်မခြင်မောင်းနှင်သူ မှန်လုံယာဉ်မောင်း အေးလွင်နဲ့ ဆိုင်ကယ်ယာဉ်မောင်း တိုးဇော်တို့ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013