DVB Logo
Home
မြန်မာသတင်း
အင်္ဂပူတွင် ပျက်စီးနေသည့် လမ်းတံတားများ ပြုပြင်ပေးရန် ဒေသခံများ လိုလား
DVB
·
August 12, 2017
အင်္ဂပူတွင် ပျက်စီးနေသည့် လမ်းတံတားများ ပြုပြင်ပေးရန် ဒေသခံများ လိုလား
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ထဲက အင်္ဂပူ-ဘဲပြာ ဆက်သွယ်ရေး လမ်းမရဲ့ လမ်းနဲ့တံတားတွေ မကောင်းလို အမြန်ဆုံးပြုပြင်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာပါ။

လမ်းမဟာ ၁၁ မိုင်နဲ့ ၄ ဖာလုံ ရှည်ပါတယ်။ တံတားတွေကတော့ ၇ စင်းလောက် ပျက်စီးနေပြီး အခုယာယီသွားလာလို့ ရအောင် ထန်းသားတွေနဲ့ တည်ဆောက်ထားပါတယ်။

စည်ပင်ကျေးရွာအုပ်စု၊ တဲကြီးကျေးရွာ ရတနာသုခ ကျောင်းတိုက် ဆရာတော် က “ဒီလမ်းမဟာ ၁၉၉၃ ခုနှစ်က စစ်အစိုးရ ကနေ အင်္ဂပူမြို့နယ်တွင်းက ကျေးရွာအုပ်စု ၇၆ အုပ်စုက ဒေခံတွေကို လုပ်အားပေးနဲ့ ဖောက်လုပ်တာပါ၊ ကြံ့ခိုင်ရေး အစိုးရလက်ထက်မှာတော့ တခါ ပြင်သေးပါတယ်။ ဒါပေမယ့် ခုမြင်တဲ့အတိုင်းပဲ ပျက်စီးနေတာပါပဲ၊ အဓိကတော့ ကျန်မာရေး စီးပွားရေးတွေ မကောင်းတာပေါ့၊ အချို့ လူနာတွေ မသေသင့်ပဲ အချိန်မမီတော့ သေကုန်ကြရတယ်လေ၊ ဆေးရုံရှိတဲ့ အင်္ဂပူမြို့ကိုသွားရတာက ခုလမ်းမကောင်းတော့ လူနာတွေ အထမ်းလုပ်ပြီး လူတွေထမ်းသွားပြရတော့ အချိန်ကြာပြီး သေတာများတာပေါ့” လို့ မိန့်ပါတယ်။

စည်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟန်အုန်းက “ဒီလမ်းကတော့ မြင်တဲ့အတိုင်းပေါ့ (၆/၉) တွေပဲခင်းထားတယ်၊ ဆိုင်ကယ်တောင်မနည်းသွားရတယ်၊ အချို့နေရာတွေဆို လူပဲသွားလို့ ရတယ်လေ၊ အဲဒါတွေတော့ တင်ပြထားတာပါပဲ” လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ် ကျေးလက် ဦးစီး ဦးသန်းဇော်စိုးက “ကျနော်တို့ နှစ်တိုင်းတင်တယ်၊ ခုနှစ်တော့ ပေ ၆၀ တံတားတစင်းပဲကျတယ်၊ လမ်းပိုင်းကတော့ မကောင်းဘူးပေါ့၊ ငွေလုံးငွေရင်း ရန်ပုံငွေရရင်တော့ ပြုပြင်နိုင်မှာပါ။ ကျနော်တို့ ဌာနအနေနဲ့လည်း ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြ ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နွားခြံအုပ်စု၊ ကညွတ်ကွင်းအုပ်စု၊ ခုံကြီးအုပ်စု၊ ကညင်ငူအုပ်စု၊ ကြမ်းတမ်းကွင်းအုပ်စု၊ စည်ပင်အုပ်စု ကျေးရွာအုပ်စု ၆ ခုနဲ့ အင်္ဂပူမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမနဲ့ တံတားတွေ ပျက်စီးနေလို့ သွားလာဖို့ ခက်ခဲနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013